ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားဟု လူသိများသော ရန်ကုန်-ဒလဆက်သွယ်ထားသည့် စီမံကိန်းကြောင့် ရွှေ့လိုက်ရသည့် ဒလနာရီစင်ကို ဒလသင်္ဘောဆိပ်ဘက်တွင် ပြန်တည်ဆောက်ပေးနေသည်။
နာရီစင်အဟောင်းသည် ၃၅ နှစ်သက်တမ်းရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း မြို့ခံများထံက သိရသည်။
လက်ရှိ၌ နာရီစင်တည်ဆောက်နေမှုကို ဓာတ်ပုံများအရတွေ့ရပြီး ပြီးစီးရန် လပိုင်းခန့်လိုသေးသည်ဟုလည်း အနီးနားနေသူများက ပြောထားကြသည်။
