အခက်အခဲတွေကြောင့် နေရပ်ပြန်လိုကြတဲ့ ထိုင်ဝမ် (တရုတ်-တိုင်ပေ)ရောက် မြန်မာနိုင်ငံသားတွေကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် အတွင်းမှာ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) နဲ့ တိုင်ပေ-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲပျံသန်းနိုင်အောင် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက စီစဉ်နေပါတယ်။
တိုင်ပေရောက် မြန်မာနိုင်ငံသားများ အတွက် ကိုဗစ်ကာလ အတွင်း (၁၅)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်ဖြစ်လာမယ့် အဲ့ဒီခရီးစဉ်ကို ယခင်က China Airlines က ပုံမှန်ပြေးဆွဲပေးနေကြပါ။
ဒါပေမယ့် China Airlines က မြန်မာနိုင်ငံကို လေကြောင်း ပျံသန်းပြေးဆွဲမှုတွေ ဒီဇင်ဘာ ၃၁ရက် ရက်နေ့အထိ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားတဲ့ အတွက် အဲ့ဒီ့ ကာလများအတွင်း ထိုင်ဝမ်ဒေသရောက် မြန်မာတွေ နေရပ်ပြန်ရေး အခက်အခဲမရှိစေဖို့ အခြားလေကြောင်းလိုင်းနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ညှိနှိင်းနေတာဖြစ်ပါတယ်။
အမှန်တကယ် နေရပ်ပြန်လိုသူတွေပဲ စာရင်းပေးသွင်းကြဖို့နဲ့ အမည်စာရင်း ပေးသွင်း ပြီးပါကလည်း ပြန်လည် ပယ်ဖျက်ခြင်း မပြုကြဖို့ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကကြိုတင်မေတ္တာရပ်ခံ အပ်ထားတာရှိပါတယ်။
နောက်ပြီး လေကြောင်းလိုင်း အနေနဲ့ အနည်းဆုံး ခရီးသည် အရေအတွက် (၁၀၀) ဦးရေ ကျော်မှပဲခရီးစဉ် ပြေးဆွဲပေးနိုင်မယ်လို့လည်း ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ပြောဆိုထားပါတယ်။