ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ကိုဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
တိုက်ကြီးမြို့၏ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ၊ အနက်(၁၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၃ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု နံနက် ၁၁ နာရီ ၁၄ မိနစ် ၂ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား ကမ္ဘာအေးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
