ဇူလိုင် ၂ ရက်တွင် အဲသံလွင်လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် ST-739 သည် ရန်ကုန် မှ တာချီလိတ် သို့ ပျံသန်းစဉ် လေယာဉ် ၏ ညာဘက်တောင်ပံရင်းရှိ (Honey Comb) လေကာအဖုံးလေတိုက်စား ပြတ်ထွက်မှုဖြစ်ပေါ်ခဲ့မှုအပေါ် လေကြောင်းလိုင်းအနေဖြင့် ပြန်လည်တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါလေကြောင်းလိုင်းအနေဖြင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရီးသည်များစိတ်အနှောက်အယှက်ဖြစ်ခဲ့ရမှုနှင့် ခရီးစဉ်အစားထိုးပျံသန်းမှုကြောင့်ခရီးစဉ် နောက်ကျခဲ့ရသည့် အပေါ် တောင်းပန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ယင်းလေယာဉ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းဝန်ဆောင်မှုပေးနိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေယာဉ်စစ်ဆေးမှု ဌာနခွဲနှင့် လေယာဉ်ထုတ်လုပ်မှုကုမ္ပဏီ ၏ လမ်းညွှန်မှုများနှင့်အတူ လိုအပ်သည်များကို စစ်ဆေးပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။