ဒီဇင်ဘာ ၂၇ ရက်နေ့မှစတင်ပြီး ရန်ကုန် ညမထွက်ရ အမိန့်ရုပ်သိမ်းကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေါ်ပြူလာနယူးစ်သို့ အတည်ပြုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက် ကောင်းမွန်လာပြီ ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းခွင့်ပြုနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့မှုအပေါ် ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းခွင့်ပြုကြောင်း သိရသည်။
