(Unicode)
ရန်ကုန်၊ ရွှေပြည်သာက လက်လုပ်လက်စားများအား WFPနှင့်ကြက်ခြေနီအသင်းတို့ ဆန်ဝေ
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၃) ခုတွင် နေထိုင်သည့် လက်လုပ်လက်စား ပြည်သူများအား ဆန်ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၅) ရက်နေ့က ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အမှတ် (၂)၊ (၃) နှင့် (၄) တို့ရှိ အိမ်ထောင်စု(၂,၅၄၄)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၂၅) ပြည်နှုန်းဖြင့် ဆန်အိတ်ပေါင်း (၂,၅၄၄)အိတ်ကို ဖြန့်ဝေပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းကပြောဆိုသည်။
ဆက်လက်ပြီး ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်များတွင်လည်း ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းကပြောဆိုထားသည်။
လက်လုပ်လက်စားများအတွက် ဆန်ဖြန့်ဝေခြင်းများ ကို ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်များရှိ ပြည်သူများအား ဆန်ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အကူအညီအကူအညီလိုအပ်နေသည့် ပြည်သူ ၃သန်းရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာအဖွဲအစည်းများက ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သည့် လများကစပြီး ယာယီရပ်ဆိုင်းထားသည့် ပြည်သူလူထုအပေါ် ကုလသမဂ္ဂ၏ အထောက်အပံ့များ ပြန်လည်ရရှိ ပေးအပ်ခြင်းများရှိနေကြသည်။
(Zawgyi)