Wednesday, August 19, 2026

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား...

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌...

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့...

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။...
HomeNewsLocal Newsရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊...

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် မိုးဆက်လက်ပိုနေဦးမည်

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်(၂)ရက်အတွင်း မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန် (၄) ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေမှာ ဧရာဝတီတိုင်း‌ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၉) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆) ပေမှ (၈) ပေခန့် ရှိနိုင် သည်။

နောက် (၂) ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေဦးမည်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

နေပြည်တော်နှင့် ရန်ကုန် အနီးတဝိုက်တွင် ယနေ့ညနေအထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့နှင့် အနီးတဝိုက်တွင် ယန့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပါတယ်။ နန်းတော်ရေးရာဝန်ကြီး Kuy Sophal နဲ့ အမျိုးသားနဲ့ နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး Chin Ketna တို့ဟာ ဦးမင်းအောင်လှိုင်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြု

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချကာ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြုသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးက လွမ်းသူပန်းခွေကို ဦးဆောင်သယ်ဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချကာ ကျဆုံးခဲ့ကြသည့် သူရဲကောင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071