Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal Newsရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဥပဒေပညာသင်တန်း (၂)...

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဥပဒေပညာသင်တန်း (၂) ခုဖွင့်လှစ်မည်

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မူပိုင်ခွင့်ဥပဒေ ဒီပလိုမာသင်တန်းတို့ကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဖွင့်လှစ်မည့်သင်တန်း (၂) ခုမှာ ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Law – PGDL) သင်တန်း၊ မူပိုင်ခွင့်ဥပဒေ ဒီပလိုမာ (Diploma in Intellectual Property Law – DIPL) သင်တန်းဖြစ်ပြီး PGDL သင်တန်းကို ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

DIPL နှင့် PGDLသင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

သင်ကြားမည့်ပုံစံမှာ Blended Learning ဖြစ်၍ အွန်လိုင်းသင်ခန်းစာများဖြင့် သင်ကြားရမည်ဖြစ်ပြီး အခါအားလျော်စွာ ကျောင်းသို့ သွားရောက်တက်ရမည်ဖြစ်ကြောင်း ၊ သင်တန်းဝင်ခွင့်ကို လာမည့် နိုဝင်ဘာ (၂၄) ရက်နေ့၊ နံနက် (၉) နာရီမှ စပြီး အွန်လိုင်း မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားနိုင်သည်ဟုဆိုသည်။

သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက ဝင်ခွင့်လျှောက်လွှာပိတ်မည်ဖြစ်သည်။

အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝင်ခွင့်ရရှိကြောင်း အီးမေးလ်ဖြင့် အကြောင်းကြားမည်ဖြစ်ကာ ဝင်ခွင့်ရရှိသူများသည် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်နှံ၍ User Name နှင့် Password ကို အီးမေးလ်မှတဆင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

DIPL သင်တန်းကို စီးပွားရေးကဏ္ဍတွင် အရေးပါသော မူပိုင်ခွင့်နှင့် ပတ်သက်၍ အကျိုးခံစားခွင့်များ၊ ဥပဒေအရ အကာအကွယ်များအား သိရှိနားလည်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071