ရန်ကုန်လှိုင်တွင်ပေါက်ကွဲမှု အမှိုက်ကောက်သူတစ်ဦးလက်ပြတ်သွားပြီး သွားစစ်စဉ်ထပ်မံပေါက်ကွဲ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင်ရဲအချို့ဒဏ်ရာရ
ရန်ကုန်၊အောက်တိုဘာ ၈ရက်
ယနေ့ညနေ ၃ နာရီအချိန်က လှိုင်တွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွါးခဲ့သည်။
ပထမပေါက်ကွဲမှုဖြစ်စဉ် အမှိုက်ကောက်သူတစ်ဦးဒဏ်ရာများရကာ လက်ပြတ်သွားသည်။
အခင်းဖြစ်စဉ်ကိုလာစစ်သည့် ရဲများရောက်လာစဉ် ထပ်မံပေါက်ကွဲကာ မြို့နယ်ရဲတပ်ဖွဲ့မှူးဗုံးစထိမှန်ကာ ဒဏ်ရာရသွားသည်။
ဒဏ်ရာရသူများမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ဖြစ်ပြီးအနားတွင်ရပ်ထားသည့် ကားတစ်စီးမှာလည်း မှန်များကွဲသွားသည်။
ပေါက်ကွဲမှုသည် လှိုင်မြို့နယ်၊ အင်းစိန်လမ်း၊ အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့နားတွင်ဖြစ်သည်။