ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဥ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ခရီးစဉ်များအတွက် အသစ်ထပ်မံပြောင်းလဲထားသော ခရီးစဉ်အချိန်များကို လေယာဉ်မထွက်ခွါမှီပြန်လည်စစ်ဆေးကြပါရန်နှင့် Transit ခရီးစဉ်များအတွက် အခြားလိုအပ်သော စီစဉ်မှုများ ပြုလုပ်ပေးထားပါရန်လည်း MAI က ယနေ့ အောက်တိုဘာ ၂၉ရက်နေ့တွင် အသိပေးထားသည်။
အဆိုပါပြင်ဆင်မှုများပြုလုပ်မည်ဖြစ်၍ အောက်တိုဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်အထိ အပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) မှ ခရီးစဉ်အချို့ကို ပြောင်းလဲထားကြောင်းလည်း MAI က ယနေ့တွင် အသိပေးကြေညာထားသည်။
ပြုပြင်နေစဉ်ကာလအတွင်း လေဆိပ်အား ညသန်းခေါင်ယံ ၁၂နာရီမှ မနက် ၆နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။
