ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ကလျာဇော်ကို ဖီဖာ အမျိုးသမီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (FIFA Women’s Football Development Committ ee) အဖွဲ့ဝင်အဖြစ် (၅)နှစ်တာ တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဖီဖာ၏ အမျိုးသမီး ဘောလုံးတိုးတက်ရေး ကော်မတီတွင် ဒေါ်ကလျာဇော် နှင့် နိုင်ငံတကာအဖွဲ့ဝင် (၂၅) ဦးပါဝင်ပြီး ဖီဖာကောင်စီဝင် Johanna Wood (နယူးဇီလန်)၊ ဥက္ကဋ္ဌ Laura Georges (ပြင်သစ်)၊ ဒုဥက္ကဋ္ဌ Olive Dol-Somse (ဗဟိုအာဖရိက)တို့ ပါဝင်ကြကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
အလားတူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ (FIFA Youth Boy’s Competitions Committee ) အဖွဲ့ဝင်အဖြစ် (၅)နှစ်တာ တာဝန်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ကော်မတီတွင် ဖီဖာကောင်စီဝင် အဖြစ် ဆိုက်ပရပ်စ်မှ ဂျော်ဂျီယိုစ့် ခူးမက်စ် ၊ ကော်မတီ ဥက္ကဋ္ဌအဖြစ် ဘီနင်မှ မက်သရူး ဒီချားစ်ကပ်နှင့် နိုင်ငံတကာမှ အဖွဲ့ဝင် (၂၃) ဦးပါဝင်ကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က လူမှုအကျိုးပြုလုပ် ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလည်း ရွေးချယ်ခန့်အပ်ထားသေးသည်။
