ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express ကားကြီးများ ယနေ့ နိုဝင်ဘာ (၈)ရက်မှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း လားရှိုးဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
လတ်တလောပြေးဆွဲပေးနေသည့် ခရီးသည်တင် Express ကားကြီးများမှာ မိုးထက်အာကာ၊ တက်လမ်း၊ ရွှေလားရှိး Star OK ၊ Crown အစရှိသည့် ယာဉ်လိုင်းများ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ရှမ်း/မြောက် မန္တလေး-လားရှိုးခရီးစဉ်ကို အောက်တိုဘာ (၁၈) ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားလာခွင့်ပြုခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ (၈) မှစတင်ကာ ရန်ကုန် – လားရှိုးခရီးစဉ်များကို ပြန်လည်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“အရင်က လားရှိုးသွားဖို မန္တလေးကနေတဆင့် ပြန်စီးရတာ။ ဒါတောင် ကားသေးတွေကို ဈေးကြီးပေးပြီး သွားရတာ။ အခုကားကြီးတွေနဲ့တို-က်ရို-က်ဆိုတော့ အဆင်ပြေတာပေါ့ဗျာ”ဟု ရန်ကုန်မြို့နေထိုင်သူတစ်ဦးက မှတ်ချက်ပြုပြောသည်။
တပ်မတော်သည် ကျောက်မဲမြို့ကို အောက်တိုဘာ(၁) ရက်နေ့တွင် အပြည့်အဝထိန်းချုပ်ပြီးနောက် သီပေါမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်တို-က်ခိုက်ခဲ့ရာ (၁၆) ရက်အကြာ အောက်တိုဘာ (၁၇) ရက်တွင် သီပေါမြိုကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်ပြုလိုက်ခြင်းဖြစ်သည်။
