(Unicode)
ရန်ကုန်မြို့Urban Asiaတွင်ဖွင့်ထားသည့် KBZ ဘဏ် ဓားပြတိုက်ခံရမှု ငွေကျပ်သိန်း၃၀၀၀ကျော်ပါသွား
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ Urban Asia အဆောက်အဦး မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် KBZ ဘဏ်ယနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်က ဓားပြတိုက်ခံခဲ့ရာတွင် ငွေကျပ်သိန်း၃၀၀၀ကျော်ပါသွားကြောင်း အဆိုပါသို့ရောက်ရှိနေသည့် တာဝန်ရှိသူတစ်ဦးကပြောသည်။
“သိန်း၃၀၀၀ကျော်လို့ စာရင်းရထားတယ်။အတိအကျကတော့ စစ်ဆေးနေဆဲပါ”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
ဘဏ်ထဲသို့ လူ၅ဦးထက်မနည်းဝင်လာပြီး ဘဏ်ထဲရှိသူအားလုံးကို မှောက်ခိုင်းပြီး ငွေများ လုယက်သွားခြင်းဖြစ်သည်။
လုယက်သူတို့သည် သေနတ်ကိုင်ဆောင်ထားသည်ဟု ကနဦးသတင်းများအရသိရသည်။
ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ဘဏ်ဓါးမြတိုက်ခံရသည့် ဖြစ်စဉ် ၅ခုခန့်ရှိခဲ့ရာ ယခုတစ်ခေါက် ဓါးမြတိုက်ခံရမှုသည့် ပမာဏအများဆုံးဖြစ်သည်။
ထိုကိစ္စမတိုင်ခင် အင်းတကော်တွင် ဧရာဝတီဘဏ် ငွေသယ်ယာဉ်တစ်စီး ဓါးမြတိုက်ခံခဲ့ရသေးသည်။
(Zawgyi)
ရန္ကုန္ၿမိဳ႕Urban Asiaတြင္ဖြင့္ထားသည့္ KBZ ဘဏ္ ဓားျပတိုက္ခံရမႈ ေငြက်ပ္သိန္း၃၀၀၀ေက်ာ္ပါသြား
ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလလမ္းေပၚ ၄၇ လမ္းႏွင့္ ၄၈ လမ္းၾကားရွိ Urban Asia အေဆာက္အဦး ေျမညီထပ္တြင္ ဖြင့္လွစ္ထားသည့္ KBZ ဘဏ္ယေန႔ ေအာက္တိုဘာ၂၂ရက္ ေန႔လယ္က ဓားျပတိုက္ခံခဲ့ရာတြင္ ေငြက်ပ္သိန္း၃၀၀၀ေက်ာ္ပါသြားေၾကာင္း အဆိုပါသို႔ေရာက္ရွိေနသည့္ တာဝန္ရွိသူတစ္ဦးကေျပာသည္။
“သိန္း၃၀၀၀ေက်ာ္လို႔ စာရင္းရထားတယ္။အတိအက်ကေတာ့ စစ္ေဆးေနဆဲပါ”ဟု တာဝန္ရွိသူတစ္ဦးကေျပာသည္။
ဘဏ္ထဲသို႔ လူ၅ဦးထက္မနည္းဝင္လာၿပီး ဘဏ္ထဲရွိသူအားလုံးကို ေမွာက္ခိုင္းၿပီး ေငြမ်ား လုယက္သြားျခင္းျဖစ္သည္။
လုယက္သူတို႔သည္ ေသနတ္ကိုင္ေဆာင္ထားသည္ဟု ကနဦးသတင္းမ်ားအရသိရသည္။
ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း ဘဏ္ဓါးျမတိုက္ခံရသည့္ ျဖစ္စဥ္ ၅ခုခန႔္ရွိခဲ့ရာ ယခုတစ္ေခါက္ ဓါးျမတိုက္ခံရမႈသည့္ ပမာဏအမ်ားဆုံးျဖစ္သည္။
ထိုကိစၥမတိုင္ခင္ အင္းတေကာ္တြင္ ဧရာဝတီဘဏ္ ေငြသယ္ယာဥ္တစ္စီး ဓါးျမတိုက္ခံခဲ့ရေသးသည္။