ရန်ကုန်မြို့၌ အိမ်သုံး Wifi လိုင်းပြ-တ်တေ-ာက်မှုဖြစ်ပေါ်နေခြင်းသည် အဆင်မပြေသေးကြောင်း ရန်ကုန်မြို့နေ ပြည်သူများထံမှ သိရသည်။
“စနေနေ့က အင်တာနက်က စနှေးတယ်၊ တနင်္ဂနွေ၊ ဒီနေ့မှာ ခုထိမရသေးဘူး” ဟု တာမွေမြို့နယ်နေသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ လိုင်းပြ-တ်တေ-ာက်ခြင်းများနှင့် ပတ်သက်၍ Wifi ကုမ္ပဏီများသို့ ဆက်သွယ်မေးမြန်းရာတွင် ယာယီပြ-တ်တေ-ာက်ခြင်းဟု ဖြေကြားမှုများရှိသည်။
သို့သော် အချို့ကုမ္ပဏီများသည် ဆက်သွယ်၍မရဖြစ်နေကြောင်း သုံးစွဲသူများ၏ လူမှုကွန်ရက်များတွင် မျှဝေထား သည်ကိုလည်း တွေ့ရသည်။
Wifi အများစု အင်တာနက်သုံးမရသည့် ပြဿနာ ကြုံတွေ့နေရခြင်းသည် International Uplink ချို့ယွင်းမှုကြောင့်ဟု တယ်လီကွန်းကုမ္ပဏီများနှင့် နီးစပ်သူများ၊ Wifi တပ်ဆင်သည့် ကုမ္ပဏီအချို့က ကြေညာထားကြသည်။
ဖုန်းဒေတာသုံးသူများသည်လည်း လိုင်းမကောင်းခြင်း၊ အဆင်မပြေခြင်းများ ကြုံနေရဆဲ ဖြစ်သည်။
