သာကေတက လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာတို့ဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဇင်ရွှေဆိုင်ကို ဒီဇင်ဘာ (၅) ရက်နေ့က ေ-သနတ်ပြပြီး လုယက်သွားသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေဇင်ရွှေဆိုင်ပိုင်ရှင်သည် ဆိုင်ဖွင့်ရန်ပစ္စည်းချနေစဉ် mask တပ်ထားသောလူနှစ်ဦးမှ ေ-သနတ်ပြကာ လုယက်သွားခဲ့ခြင်းဖြစ်ပြီး ရွှေထုတ်နှင့်ငွေများပါသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဓါးပြတို-က်မှုဖြစ်ပွားရာမှတစ်ဆင့် CCTV များကို လိုက်လံစစ်ဆေးရာမှ ဓါးပြများဖြစ်သော သာကေတမြို့နယ်မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးကို၊ တို-က်ရာပါပစ္စည်းများ လက်ခံသိမ်းဆည်းပေးထားသော သင်းမိုးကြူတို့ကို အဆိုပါလက်ဖက်ရည်ဆိုင်တွင်လည်းကောင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်နေ စည်ပင်ရေစက်မောင်းဦးသန်းထွန်းတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တရားခံများက ဓါးပြတို-က်ခဲ့ကြောင်းဝန်ခံသဖြင့် တို-က်ရာပါငွေနှင့် ရွှေထည်များ၊ပြစ်မှုကျူးလွန်သည့် လုပ်ေ-သနတ်နှင့်ကျည်များကို သက်သေများရှေ့တွင် သိမ်းဆည်းပြီးတရားစွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။
