ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ယနေ့ ဒီဇင်ဘာ ၂၇ ရက်က Gas ဆိုင်နှင့် မွန်ဘုန်းကြီးကျောင်းတို့ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ သောက်တော်တွင်း (၁) လမ်းရှိ Gas ဆိုင်တွင် ယနေ့ ဒီဇင်ဘာ ၂၇ ရက်နံနက် ၁၁ နာရီ ၁၂ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ တောင်ပိုင်းခရိုင် မီးသ-တ်စခန်း၊ သန်လျင်မြို့နယ် မီးသ-တ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်းတည့် ၁၂ နာရီ ၄၆ မိနစ်ခန့်တွင်လည်း မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ရခိုင်ကျောင်းလမ်းရှိ မွန်ဘုန်းကြီးကျောင်းတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြို့နယ်မီးသ-တ်စခန်း၊ ပုလဲအရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များကပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
