မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ နိုဝင်ဘာ ၂၆ ရက်မှစ၍ ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရေးအတွက် ပေါ်ဆန်းဆန် (၂၄) ပြည်အိတ်များကို အိမ်အရောကိပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၂၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် 10 Kg, 5 Kg အစရှိသည့် ပေါ်ဆန်းဆန်အိတ်များကိုလည်း ရပ်ကွက်များ၊ ဈေးများတွင်လှည့်လည်ရောင်းချပေးသွားမည်ဖြစ်၍ ရန်ကုန်တိုင်းရှိ ပေါ်ဆန်းဆန် (ရွှေဘိုပေါ်ဆန်း/ဧရာဝတီပေါ်ဆန်း) သိုလှောင်ဖြန့် ဖြူးရောင်းချနေသူများ/လက်လီဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့်အတူ ပူးပေါင်းပါဝင်ရန်အသိပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ဖြင့် ဈေးကွက်အတွင်း စဉ်ဆက်မပြတ်ထုတ်ရောင်းချရန်၊ သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း (လုံးဝ) မပြုလုပ်ရန်လည်းအသိပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ်ဆန်းဆန် (၂၄) ပြည်အိတ်များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊
