မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၊ India-Myanmar Chamber of Commerce၊ Overseas Agro Traders Association တို့ပူး ပေါင်း၍ ကမ္ဘာ့ပဲမျိုးစုံနေ့အခမ်းအနားအား ရန် ကုန်တိုင်း၊အလုံမြို့နယ်ရှိ Yangon International Hotel ၌ ဖေဖော်ဝါရီ ၁၀ ရက်ညနေပိုင်းကကျင်းပခဲ့သည်။
ပဲမျိုးစုံ၏အရေးပါမှု၊အကျိုးရှိမှု၊အာဟာရဖြစ်မှု၊ပဲမျိုးစုံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံများ၏ ပြည်ပပို့ကုန်အဖြစ် အားထားရသော သီးနှံဖြစ်မှုတို့ကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌဦးထွန်းလွင်၊ IMCC ဥက္ကဋ္ဌ Mr.Naresh Kumar Dinodiya၊ OATA ဥက္ကဋ္ဌ Mr. Shyam Narsaria တို့ကရှင်းလင်းပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ UMFCCI ဒု-ဥက္ကဋ္ဌ ဦးမြဟန်၊မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး၊သီရိလင်္ကာသံအမတ်ကြီး၊ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး တို့တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar ကလည်း ဂုဏ်ပြုအမှတ် တရစကားပြောကြားခဲ့သည်။
ကမ္ဘာ့ပဲမျိုးစုံနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုလားပဲအိတ်တန်ချိန်များစွာအား ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်စာသင်ကျောင်းများ၊ ပရဟိတကျောင်းများသို့ အခမ်းအနား၌ လှူဒါန်းခဲ့ကြသည်။
အာဟာရဓာတ်များစွာကြွယ်ဝပြီးအရေးပါသော သီးနှံဖြစ်သည့် ပဲမျိုးစုံကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့်ပဲမှရရှိသည့် ကောင်းကျိုးများကိုသိရှိနိုင်စေရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၀ ရက်အား ကမ္ဘာ့ပဲမျိုးစုံနေ့အဖြစ် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံမှ သတ်မှတ်ကြေညာခဲ့သည်။












