ရန်ကုန်မြို့၌ ယနေ့ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းကကျင်း ပသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလူထုစုပေါင်းလမ်း လျှောက်ပွဲအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာ နနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများအပါအဝင် လူဦးရေထောင်ချီပါဝင်ဆင်နွှဲခဲ့ကြသည်။
၎င်းတို့သည် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်မှတစ်ဆင့် ပြည်လမ်း၊ အလုံလမ်း၊ ဦးဝိစာရလမ်းမှ ပြည်သူ့ရင်ပြင်သို့စုပေါင်းလမ်းလျောက်ပြီး ပြည်သူ့ရင်ပြင်တွင်သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ပူပေါင်းကျင်းပခြင်းဖြစ်ကာ ရန်ကုန်တိုင်းအနေဖြင့်ဒီဇင်ဘာလတစ်လလုံး၏ စနေနေ့တိုင်းအား စုပေါင်းလမ်း လျှောက်ပွဲကျင်းပသွားမည်ဖြစ်သည်။
