ရန်ကုန်မြို့သို့ မတ် ၃၁ ရက်မှစတင်၍ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် ထိုင်းဘုရင့်ရေ တပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457)သည် ယနေ့ ဧပြီ ၄ ရက်ညနေပိုင်းက သီလဝါဆိပ်ကမ်းမှပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
စစ်ရေယာဉ် HTMS Kraburi (FFG-457)ပြန်လည်ထွက်ခွာမှုအား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့ကပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့သို့ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိစဥ် ရန်ကုန်မြို့ရှိအထင်ကရနေရာများကိုလေ့လာရေး ခရီးသွားခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဥ်ပြိုင်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
