Monday, November 17, 2025

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏...

ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကိုအလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ယနေ့ နိုဝင်ဘာ...
HomeNewsLocal Newsရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွင် ဓားပြတိုက်...

ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွင် ဓားပြတိုက် အနုကြမ်းစီးမှုဖြစ်ပွား ၊ ကျပ်သိန်း (၂၀၀) ဝန်းကျင်ပါသွားဟု ကနဦးသိရ

ယနေ့ နိုဝင်ဘာ (၂) ရက် ညဦးပိုင်းတွင် ရန်ကုန်မြို့လယ်၊ ၂၆ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအရောင်းဆိုင် တစ်ဆိုင်တွင် အနုကြမ်းစီး ဓါးပြတိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၂၀၀ ဝန်းကျင်ပါသွားကြောင်း သိရသည်။

ယနေ့ ည (၇) နာရီ ဝန်းကျင် က အဆိုပါ အနုကြမ်းစီး ဓါးပြတိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဆိုင်ရှင်အ မျိုးသား (၂)ဦး ဓါးများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံနေသည့် ဗွီဒီယိုဖိုင်တစ်ခုတွင် ဆိုင်ရှင်ဟု ယူဆရသူ အမျိုးသား (၂) ဦး ဆိုင်အတွင်း စာရင်းတွက်နေစဉ် ကျူးလွန်သူ အမျိုးသား (၃) ဦး ဝင်ရောက်လာရာ ဓားများဖြင့် ထိုးနေသည်ကို တွေ့ရသည်။

ပြစ်မှုကျူးလွန်သူ (၃) ဦးအနက် (၂) ဦးက ဆိုင်ရှင်အမျိုးသား တစ်ဦးကို ဓားများဖြင့် ချုပ်နှောင်ထိုးနှက်နေသည်ကို မြင်တွေ့ရပြီး ကျန်တစ်ဦးကို လည်း ကျူးလွန်သူတစ်ဦးက ဓားဖြင့်တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။

အဆိုပါ အနုကြမ်းစီး ဓါးပြတိုက်မှု ဖြစ်ပွားရာနေရာသည် ရန်ကုန်မြို့ လူစည်ကားရာ ၂၆ လမ်းနှင့် ကုန်သည်လမ်း ထောင့်တွင်ရှိပြီး အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအရောင်းဆိုင် ဖြစ်ကြောင်း ကနဦး သိရသော်လည်း ဆိုင်အမည်နှင့် ဖြစ်စဉ် အသေးစိတ်ကို ပေါ်ပြူလာနယူး(စ်) မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမည့်သူမရှိခဲ့ပေ။

ရန်ကုန်မြို့ လူစည်ကားရာ နေရာအချို့တွင် ယခုရက်ပိုင်းအတွင် လူသတ် ဓါးပြတိုက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာရှိ တိုက်ခန်း တစ်ခုတွင် ရူပဗေဓ ပညာရှင် စာရေးဆရာ တက္ကသိုလ် ကြယ်ပွင့်နှင့် ဇနီးဖြစ်သူတို့အား သတ်ဖြတ်ပြီးငွေနှင့် ပစ္စည်များ ယူဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ယနေ့ည ဖြစ်ပွားခဲ့သော အဆိုပါ အနုကြမ်းစီး ဓားပြတိုက်မှုနှင့်ပတ်သက်၍အချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားများအားဆွဲဆောင်နိုင်သည့် နေရာများစွာရှိ၍ မိမိတို့မြို့ရွာပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများစွာရှိသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းကာ ပြည် တွင်း/ပြည်ပခရီးသွားများလာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေး၊ ပြည်တွင်းလေကြောင်းလိုင်းများ မော်လမြိုင်လေဆိပ်သို့ဆင်းသက်ပြေးဆွဲလျက်ရှိ၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကာ မီးရထားပို့ဆောင်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက်လည်း ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင် ရွက်လျက်ရှိသည်ဟု...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်နယ်လူမှုရေးရာဝန်ကြီးက ရာမညအားကစားကွင်း တည်ဆောက်ထားရှိမှု၊ ပြည်နယ်ကျောင်းသား အားကစားကွင်းတည်ဆောက်ထားရှိမှု၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်အားကစားဥယျာဉ် တည်ဆောက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ယာယီသမ္မတမှ စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေအရပ်ရပ်ကိုပါထည့်သွင်းတွက်ချက်၍ ရေရှည်အကျိုးဖြစ်စေသည့်ဆောင်ရွက်မှုများဖြစ်ရန်လိုပြီး အား ကစားကွင်းများသည် အဆင့်မီရမည်ဖြစ်ကာ အားကစားသမားများ အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုပြီး ပွဲကြည့်ပရိသတ်များအနေဖြင့်လည်း ပြည်နယ်အဆင့်နှင့် လျော်ညီစွာကြည့်ရှုအားပေးနိုင်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ယာယီသမ္မတသည် ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071