Wednesday, April 30, 2025

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...
HomeNewsLocal Newsရန်ကုန်မြို့လယ်ခေါင်တွင် ဘဏ်မှငွေထုတ်လာသည့် ကားအား...

ရန်ကုန်မြို့လယ်ခေါင်တွင် ဘဏ်မှငွေထုတ်လာသည့် ကားအား ဓားထောက်အနုကြမ်းစီးမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တွင် CB ဘဏ်မှ ငွေထုတ်ကာပြန်လာသည့်ကားကို ဓားကိုင်ထားသူများကတားပြီး ဓားထောက်ကာ ငွေများ လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ (၂၄) ရက် နံနက် (၁၀) နာရီဝန်းကျင်က ရန်ကုန်မြို့လယ် ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်ခံရသူများမှာ ယုံရှင်း ငွေလွှဲလုပ်ငန်းမှ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ အတည်ပြုပြောကြားသည်။

” ဖြစ်တာတော့ ဟုတ်တယ်။ မနက်ကပေါ့နော်။ ဆာကူရာတာဝါက ငွေထုတ်လာတယ်လို့ ကြားတယ်။ ဆိပ်ကမ်းသာနဲ့ ဗန္ဓုလလမ်းထောင့် ရောက်တော့ လုသွားတဲ့သူတွေက ကားကိုတားပြီး ‌ဓားထောက် လုသွားတယ်လို့ ပြောတယ်။ သိန်း ၃၀၀၀ လောက်ပါသွားတယ်လို့​တော့ပြောတာပဲ။ အသေးစိတ်ကတော့ သူတို့ဆီ ဆက်မေးကြည့်မှရမယ်” ဟု ၎င်းကပြောသည်။

အမည်မသိအမျိုးသား ၅ ဦးမှ ကားပေါ်သို့တက်လာကာ ဓားဖြင့်ထောက်၍ အသင့်စောင့်နေသည့်ကားပေါ်သို့ ငွေများထည့်ထားသော ဆာလာအိတ် ၂ အိတ်အားတင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ လုယက်သူများသည် (၅) ဦးလောက်ပါသည့် လူအုပ်စုလိုက်ဖြင့် အနုကြမ်းစီး ၊ ဓားပြတိုက်သည့်ပုံစံဖြင့် လုပ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

ငွေလုယက်ခံရသူများမှာ ယုံရှင်းငွေလွှဲလုပ်ငန်းမှ စာရေးမတစ်ဦးနှင့် ယာဉ်မောင်းတို့ဖြစ်ပြီး ငွေကျပ် သိန်း (၃၀၀၀) ဝန်းကျင်ပါသွားကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း သတင်းပျံ့နှံ့လျက်ရှိသည်။

သတင်းအတိအကျရထားပြီးမှလုပ်သည့်ပုံစံထွက်​နေ​ကြောင်း သုံးသပ်​ပြောဆိုမှုများလည်းရှိသလို အချင်းချင်းလက်​ထောက်ချခြင်းမျိုးလည်းသံသယထားစုံစမ်းသင့်​ကြောင်း ​ဝေဖန်​ပြောဆို​နေကြသည်။

ပေါ်ပြူလာနယူး(စ်) အနေဖြင့် အဆိုပါ ဖြစ်စဉ်အသေးစိတ်အား သိရှိနိုင်ရန် ယုံရှင်းငွေလွှဲလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိ​သေး​ပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071