ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံအပါအဝင် အများပြည်သူ အပန်းဖြေနေရာများကို နိုဝင်ဘာလမှစ၍ ပြန်ဖွင့်မည်
ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံအပါအဝင် အများပြည်သူ အပန်းဖြေနေရာတွေ နဲ့ ပန်းခြံတွေကို နိုဝင်ဘာလ တစ်ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။
ကိုဗစ်ကြောင့် အများပြည်သူ အပမ်းဖြေနေရာတော်တော်များများကို ပိတ်ထားရတာလည်း ဖြစ်ပါတယ်။တချို့ ပန်းခြံတွေနဲ့ Public Area တွေကိုတော့ နဂိုအတိုင်း ဖွင့်ထားတာလည်း ရှိတယ်လို့ သိရပါတယ်။
အများပြည်သူ အပမ်းဖြေဖို့ အပြင် ကျန်းမာရေးအတွက်လမ်းလျှောက်တာ ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေ လုပ်နိုင်အောင်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်ထဲမှာ ရှိတဲ့ ပန်းခြံပေါင်း ၆၂ ခုလုံးကို ဖွင့်မှာ ဖြစ်တယ်လို့ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနက သိရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၂၀ ပြည့်နှစ်က ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ဖြစ်ပွားနှုန်း ကျဆင်းနေချိန် က ပန်းခြံ အချို့နဲ့ ကစားကွင်းအချို့ကို သွားရောက်လည်တာတွေ လုပ်ခဲ့ပေမဲ့ ခရစ္စမတ် နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွေမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ အင်းယားကန်ဘောင်၊ တိရိစ္ဆာန်ဥယျာဉ်နဲ့ ပန်းခြံကစားကွင်းတွေ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ယာယီပိတ်ခဲ့ရသေးတယ်လို့ သိရပါတယ်။