ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့ နယ်တို့ရှိ စက်မှုဇုန်များတွင် ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက်အစောပိုင်းက မီးလောင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက် ၀၀ နာရီ ၃ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်မင်း သားကြီး(၂)လမ်းရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ် ပွား၍ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက်လက်လောင် ကျွမ်းနေသဖြင့် နံနက် ၀၀ နာရီ ၁၀ မိနစ်တွင် Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၀၀ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းတွင်မီးလောင်မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၄ နာရီ ၈ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
