(Unicode)
ရန်ကုန်မြို့က မြို့နယ်နှစ်ခုမှာ တစ်နေ့တည်းမီး လောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်

ရန်ကုန်မြို့က ဒဂုံမြောက်ပိုင်းနဲ့စမ်းချောင်းမြို့ နယ်တို့မှာ ဒီနေ့မနက်ပိုင်းနဲ့နေ့လည်ပိုင်းတို့မှာ မီး လောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ MFSD ကနေသိရပါတယ်။
မနက် ၄ နာရီ ၄၅ မိနစ်လောက်က ဒဂုံမြောက်ပိုင်း၊ ၃၅ ရပ်ကွက်၊ပင်လုံလမ်းမှာ မီးလောင်မှုဖြစ်နေတယ်လို့ သိရတာကြောင့် ဒဂုံမြောက်မီးသတ်စ ခန်းက သွားရောက်ငြိမ်းသတ်ခဲ့တာကြောင့် မနက် ၅ နာရီမှာမီးငြိမ်းခဲ့ပါတယ်။
“အဲဒီလမ်းပေါ်က ဘီယာဆိုင်မှာလောင်တာပါ မီးသတ်ရောက်တာမြန်လို့ဘေးအိမ်တွေကိုမကူးတာ သူ့ဘေးမှာက ဂတ်စ်ဆိုင်ရှိတယ် ကံကောင်းလွန်းတယ် မီးက ဂတ်စ်ဆိုင်ကိုပါကူးသွားရင် အကုန်လုံးပြာကျပြီ”လို့ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့တဲ့ ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။
အလားတူပဲ နေ့လည် ၁ နာရီခွဲလောက်မှာ စမ်းချောင်းမြို့နယ်၊သီရိခေမာရပ်ကွက်က ဗဟိုလမ်းနဲ့သီရိလမ်းထိပ်မှာ မီးလောင်နေတာကြောင့် စမ်းချောင်းမြို့နယ်မီးသတ်၊အလုံမြို့နယ်မီးသတ်နဲ့အနောက်ပိုင်းခရိုင်မီးသတ်တို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာကြောင့် နေ့လည် ၁ နာရီ ၅၅ မိနစ်မှာမီးငြိမ်းသွားခဲ့ပါတယ်။
“ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်ချက်နေတုန်းပဲ အ တိအကျတော့မပြောနိုင်သေးဘူး”လို့ MFSD ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
Photo Credit – MFSD
(Zawgyi)
ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္ႏွစ္ခုမွာ တစ္ေန႔တည္းမီး ေလာင္ကြၽမ္းမႈႏွစ္ႀကိမ္ျဖစ္
ရန္ကုန္ၿမိဳ႕က ဒဂုံေျမာက္ပိုင္းနဲ႔စမ္းေခ်ာင္းၿမိဳ႕ နယ္တို႔မွာ ဒီေန႔မနက္ပိုင္းနဲ႔ေန႔လည္ပိုင္းတို႔မွာ မီး ေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့တယ္လို႔ MFSD ကေနသိရပါတယ္။
မနက္ ၄ နာရီ ၄၅ မိနစ္ေလာက္က ဒဂုံေျမာက္ပိုင္း၊ ၃၅ ရပ္ကြက္၊ပင္လုံလမ္းမွာ မီးေလာင္မႈျဖစ္ေနတယ္လို႔ သိရတာေၾကာင့္ ဒဂုံေျမာက္မီးသတ္စ ခန္းက သြားေရာက္ၿငိမ္းသတ္ခဲ့တာေၾကာင့္ မနက္ ၅ နာရီမွာမီးၿငိမ္းခဲ့ပါတယ္။
“အဲဒီလမ္းေပၚက ဘီယာဆိုင္မွာေလာင္တာပါ မီးသတ္ေရာက္တာျမန္လို႔ေဘးအိမ္ေတြကိုမကူးတာ သူ႔ေဘးမွာက ဂတ္စ္ဆိုင္ရွိတယ္ ကံေကာင္းလြန္းတယ္ မီးက ဂတ္စ္ဆိုင္ကိုပါကူးသြားရင္ အကုန္လုံးျပာက်ၿပီ”လို႔ ဝိုင္းဝန္းၿငိမ္းသတ္ေပးခဲ့တဲ့ ရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါတယ္။
အလားတူပဲ ေန႔လည္ ၁ နာရီခြဲေလာက္မွာ စမ္းေခ်ာင္းၿမိဳ႕နယ္၊သီရိေခမာရပ္ကြက္က ဗဟိုလမ္းနဲ႔သီရိလမ္းထိပ္မွာ မီးေလာင္ေနတာေၾကာင့္ စမ္းေခ်ာင္းၿမိဳ႕နယ္မီးသတ္၊အလုံၿမိဳ႕နယ္မီးသတ္နဲ႔အေနာက္ပိုင္းခ႐ိုင္မီးသတ္တို႔က ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကတာေၾကာင့္ ေန႔လည္ ၁ နာရီ ၅၅ မိနစ္မွာမီးၿငိမ္းသြားခဲ့ပါတယ္။
“ဆုံးရႈံးမႈတန္ဖိုးကေတာ့ တြက္ခ်က္ေနတုန္းပဲ အ တိအက်ေတာ့မေျပာႏိုင္ေသးဘူး”လို႔ MFSD ကတာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။
Photo Credit – MFSD