Saturday, February 15, 2025

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...
HomeNewsLocal Newsရန်ကုန်နှင့် နန်နင်းမြို့တို့အကြား၂၀၂၅ -၂၀၂၆...

ရန်ကုန်နှင့် နန်နင်းမြို့တို့အကြား၂၀၂၅ -၂၀၂၆ ခုနှစ် ချစ်ကြည် ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာရေးထိုး

ရန်ကုန်မြို့နှင့် တရုတ်ပြည် နန်နင်းမြို့တို့အကြား ၂၀၂၅ – ၂၀၂၆ ခုနှစ် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် နန်နင်း ဒုတိယ မြို့တော်ဝန် Mr. Guo Wei တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ နန်နင်းမြို့တွင် ဇန်နဝါရီလ (၁၆) ရက်က ကျင်းပခဲ့သည့် Global Mayor Dialogue (GMD) သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်‌ ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူး Mr. Lan Tianli တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး၊ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး၏ မြှုပ်နှံရေးနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွဲသို့ ကွမ်ရှီးဒေသ CPC ပါတီအမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် နန်နင်းမြို့ CPC ပါတီအတွင်းရေးမှူး Mr. Nong Shengwen၊ လာအို၊ ဗီယန်ကျင်းမြို့ အုပ်ချုပ်ရေးမှူး Mr. Athsaphangthong Siphandone၊ ဗီယက်နမ်၊ Lang Son မြို့ ပြည်သူ့ ကော်မတီဥက္ကဋ္ဌ Mr. Nguyen Van Hanh တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲသို့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ထိုင်း၊ Surat Thani ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Bundan Sathirachawal၊ မလေးရှား Kulim မြို့ အမှုဆောင်ကောင်စီ အဖွဲ့ဝင် Mr. YB. Wong Chia၊ ဗီယက်နမ်၊ Mong Cai ပြည်သူ့ကော်မတီ ဥက္က ဋ္ဌ Mr. Ho Quang Huy၊ ကမ္ဘောဒီးယား၊ Siem Reap ဒုတိ ယမြို့တော်ဝန် Mr. Hay Yong နှင့် အင်ဒိုနီးရှား Mataram မြို့တော်ဝန်၏ ကိုယ်စားလှယ် Mr. Supaindi၊ နန်နင်းမြို့အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များစသည့် ဧည့်သည် စုစုပေါင်း (၁၀၀၀)နီးပါး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု ဆို

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား သည်။ လက်ရှိ၌ အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေ (USAID) က နိုင်ငံတကာထံ အကူအညီများ ရပ်ဆိုင်းထားသောကြောင့် မြန်မာနိုင်ငံ၌ HIV(အိပ်ချ်အိုင်ဗွီ)၊ တီဘီနှင့် ငှ က်ဖျား စသည့် ရောဂါများအတွက် သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ “ကျွန်တော်တို့ NGO အဖွဲ့ဆီမှာလည်း ဒီဆေးတွေနဲ့ ပတ်သက်ပြီး နောက် (၈)...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့်...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စမာကျားတို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာလျှိုကျုံးရီနှင့် မစ္စမာကျားတို့အား ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းများ ဆက်လက်အကောင်အ ထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071