ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ YCC တွင် ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၅ ကို လာမည့် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (YCC)တွင် ၃ ရက်ကြာ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြပွဲကြီးတွင် လယ်ယာသုံးစက်ယန္တရားများ၊ ကုန်စည်ပို့ဆောင်မှုနှင့် သိုလှောင်မှုဆိုင်ရာလုပ်ငန်းများ၊ Renewable Energy နည်းပညာ (ဆိုလာ၊ ဘက်ထရီ၊ အင်ဗာတာ)၊ ဂျင်နရေတာများနှင့် မော်တော်ယာဉ်အမျိုးမျိုး (EV ကား၊ EV Cycle၊ ဘတ်စ်ကား၊ ထရပ်ကား) နှင့် အော်တိုအပိုပစ္စည်းများအပါအဝင် နိုင်ငံတကာ ထုတ်ကုန်များနှင့် နည်းပညာသစ်များကို တစ်နေရာတည်းတွင် စုစည်းပြသသွားမည်ဖြစ်သည်။
ပြပွဲကာလအတွင်း ပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများကိုလည်း အထူးအစီအစဉ်အဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
