ယနေ့ 11 နာရီ 11 မိနစ်အချိန်ခန့်၌ ရန်ကုန်တွင် အင်အားအသင့်ရှိ ငလျင်လှုပ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်ကို ရန်ကုန်မြို့နေ ပြည်သူများ သိသိသာသာခံစားရပြီး အထပ်မြင့်တိုက်ခန်းများ ပိုမိုသိသာခဲ့ကြောင်း သိရသည်။
” အိပ်နေရင်းနဲ့လန့်နိုးလာတာ။ ငလျင်လှုပ်တာ တော်တော်သိသာတယ်။ လှုပ်တဲ့အချိန်လည်း နည်းနည်းကြာတယ်” ဟု တောင်ဥက္ကလာပမြို့တွင်နေထိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အဆိုပါ ငလျင်သည် အင်အား ၃ ဒသမ ၉ ရစ်ခ်ျစ်တာစကေး အဆင့်ရှိကြောင်း သိရသည်။
