ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးတလျှောက်ရှိ လမ်းလယ်မီးတိုင်များကို ရန်ကုန်တိုင်းအစိုးရ အစီအစဉ်ဖြင့် တပ်ဆင်တည်ဆောက်လျက်ရှိသည်။
ထိုသို့တပ်ဆင်ရာတွင် မင်းရဲကျော်စွာ မီးရထားဂုံးကျော်တံတားမှ စံပြဈေး (ငမိုးရိပ်) အထိ လမ်းလယ်၌ လမ်းမီးဓာတ်အားလိုင်း (၂.၂၃) မိုင် တည်ဆောက်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်။
ထိုနည်းတူ အထက်ပုဇွန်တောင် လမ်းမကြီးတလျှောက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂျပန် – မြန်မာ ချစ်ကြည်ရေးတံတားမှ အထက်ပုဇွန်တောင် လမ်းအထိနှင့် သမိန်ဗရမ်းလမ်းမကြီးတလျှောက် တာမွေမြို့နယ်၊ တာမွေအဝိုင်းထိပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ် သာကေတတံတား (ငမိုးရိပ်) အထိ လမ်းလယ်မီးတိုင်များ စုစုပေါင်း (၁၂၁) တိုင်၊ လမ်းမီးလုံး (150W) (၂၅၆) လုံး၊ မြေအောက်လမ်းမီးလိုင်းကြိုး (၁၃၆၀၄) ပေ တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်
