Wednesday, May 21, 2025

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု...

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့...

ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ပေါ်တူဂီနည်းပြ ပေါ်လို...

MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စတင်ကာ အသင်း၏ နည်းပြချုပ်ဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လို ဆေးလ်ဗားဖြင့်...

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အနောက်တောင်မုတ်...

မြန်မာနိုင်ငံအနှံ ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံအနှံ မိုးရွာသွန်းစေသည့် အနောက်တောင်မုတ်သုန်လေသည် ယနေ့ မေလ (၂၁) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ...
HomeNewsLocal Newsရန်ကုန်တွင် ပြည့်သူ့ကျန်းမာရေးအစီအစဉ်အရ စားသောက်ဆိုင်များအား...

ရန်ကုန်တွင် ပြည့်သူ့ကျန်းမာရေးအစီအစဉ်အရ စားသောက်ဆိုင်များအား စားသုံးရန်သင့်လျော်သော အစားအသောက် ရရှိရေးသင်တန်း နှစ်ရက်ကြာ ပို့ချ

ပြည်သူ့ကျန်းမာရေးအစီအစဉ်အရ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအသောက် ရရှိရေးဆိုင်ရာ
သင်တန်း (၂ )ရက်ကြာ ပို့ချမှုကို ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် စတင်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ သင်တန်းအမှတ်စဉ်အား (၁/၂၀၂၃)အဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင် အုပ်ချုပ်သူ သင်တန်းသား/သူ ၅၀ ဦးကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ယင်း သင်တန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ပြည်သူ့ကျန်းမာရေးဌာန၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီ က ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ၁၂ ထပ်ခွဲရုံး၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဒေါက်တာငွေစန်း၊ ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကော်မတီဝင် ဒေါက်တာငွေစန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့တော် လူဦးရေသည် တစ်နေ့တစ်ခြား တိုးတက် များပြားလာခြင်း၊ မြို့ပြဆန်သည့် လူ့ဘဝနေထိုင် စားသောက်မှုပုံစံ( Life Style )များပြောင်းလဲလာခြင်းကြောင့် စားသောက်ဆိုင်များမှလည်းဝယ်ယူစားသုံးသည့်ဓလေ့ ပိုမိုကျယ်ပြန့်လာကြောင်းဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသောက်ဆိုင် အသစ်များ တိုးပွားလာလျက်ရှိပြီး၊ တိုင်းရင်းသား အစားအစာများ၊ ရိုးရာအစားအစာများသာမက နိုင်ငံတကာ အစားအစာ များသည် အရောင်အဆင်းအနံ့၊ အရသာ ပုံစံဒီဇိုင်းစုံဖြင့် စားချင့်စဖွယ် တွေ့မြင်နေရသည့်အတွက် စားသောက်ဆိုင်များသည် အပြင်အဆင်အမွမ်းအမံ ကောင်းသော်လည်း ရောင်းချသည့် အစားအစာများတွင် ခွင့်မပြုဓါတုပစ္စည်းများ ပါဝင်ပါကကျန်းမာရေး ထိခိုက်နိုင်ပြီး ရေရှည်တွင် ကင်ဆာကဲ့သို့ ရောဂါများရရှိနိုင်ကြောင်း ပြောကြားသည်။

ထို့ကြောင့် အစားအသောက်ကိုင်တွယ်ရောင်းချသူများ၏ မသန့်ရှင်းမှုနှင့် စနစ်တကျ ကိုင်တွယ်ခင်းကျင်းမှုမရှိခြင်းတို့ကြောင့် အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ တိုက်ဖွိုက်(ခေါ်) အူရောင်ငန်းဖျား ရောဂါနှင့် သန်ကောင်စွဲခြင်း အစရှိသည့် ရောဂါများဖြစ်ပွားနိုင်ကြောင်းအပါအဝင် အခြားကျန်းမာရေးဆိုင် အသိပညာများအား ပြောကြားခဲ့သည်။

အလားတူ စားသောက်ဆိုင်များတွင် အရည်အသွေးမပြည့်ဝသည့် စားသုံးဆီများ၊ အစားအစာများတွင် အသုံးပြုခွင့်မရှိသည့် ဓါတုဆိုးဆေးများ ခွင့်မပြုအစားအစာထပ်ဖြည့် ပစ္စည်းများ၊ တာရှည်ခံ ဆေးများပါဝင်သည့် အစားအစာများကို ချက်ပြုတ်ရောင်းချပါက စားသုံးသူများ ၏ ခန္ဓာကိုယ်အတွင်းအင်္ဂါများ၊ အထူးသဖြင့် အသည်းထိခိုက်ပျက်စီးပြီး ရေရှည်တွင် ကင်ဆာရောဂါများ ဖြစ်နိုင်သည်ကို သတိထားစေလိုကြောင်း ထပ်မံပြောကြားသည်။

သင်တန်းအား ပြည်သူ့ကျန်းမာရေးဌာနမှ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)ဒေါက်တာမြင့်သန်းထွန်း က Food Hygiene and Sanitation for Food Handlers (Part 1) ဘာသာရပ်အားလည်းကောင်း၊ ဒေါက်တာရွှေဘော်မှ အစားအသောက်ပြုပြင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဘာသာရပ်အား လည်းကောင်း၊ ဒေါက်တာကိုကိုထွန်း မှ HACCP ဘာသာရပ်အား လည်းကောင်း၊ ဒေါက်တာမြင့်မြတ်မှ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် စားသောက်ဆိုင်များ လိုက်နာရမည့် စည်းကမ်းချက်များအားလည်းကောင်း၊ ဒေါက်တာအောင်ကိုဉီးမှ Food Sanitation & Safety ဘာသာရပ်အားလည်းကောင်း၊ ဒေါက်တာ ဝေယံထက်မှ မသန့်ရှင်းသောရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အကြောင်းအားလည်းကောင်း၊ ဒေါက်တာမြင့်သန်းထွန်း မှ Food Hygiene and Sanitation for Food Handlers (Part 2) အားလည်းကောင်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု အဆင် ပြေစွာပြီးဆုံး

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ စက်ရုံဘက်မှ လိုက်လျောမှုများတွင် ဒေးကြေး (၅၂၀၀) မှ (၆၀၀)တိုးပေးကာ (၅၈၀၀)ကျပ်နှင့် ထောက်ပံကြေး (၃၈၀၀) ကျပ်၊ အစိုးရထောက်ပံ့ကြေး (၂၀၀၀) ၊ ဆန်ဖိုး/ဆီဖိုး (၄၀၀) အပါအဝင် စုစုပေါင်း တစ်ရက်လုပ်ခ (၁၂၀၀၀) ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။ Adidas တံဆိပ် ဖိနပ်များ ချုပ်လုပ်နေသည့်...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့ နိုင်ငံတော်ခရီးစဉ်အတွင်း သဘောတူညီချက်များကို ဒါဇင်နှင့်ချီ၍ လက်မှတ်ရေးထိုးဖွယ်ရှိသည်။ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပြင်သစ်သမ္မတတစ်ဦး၏ ပထမဆုံး ဗီယက်နမ်ခရီးစဉ်သည် ကြီးမားသော အရှေ့တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မက်ခရွန်သည် မေ ၂၅ ရက်တွင် ဟနွိုင်သို့ ရောက်ရှိမည်ဖြစ်ကာ မေ ၂၇ ရက်တွင် အင်ဒိုနီးရှားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ယင်းနောက် မေ ၃၀ ရက်တွင် စတင်မည့်...

ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ပေါ်တူဂီနည်းပြ ပေါ်လို ဆေးလ်ဗားနှင့် စတင်လေ့ကျင့်

MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စတင်ကာ အသင်း၏ နည်းပြချုပ်ဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လို ဆေးလ်ဗားဖြင့် လေ့ကျင့်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခုလေ့ကျင့်ရေးအစီအစဥ်သည် ၎င်း၏ ရခိုင်ယူနိုက်တက်အသင်းအား အပြည့်အ၀ တာ၀န်ယူ ဆောင်ရွက်သည့် ပထမဆုံး လေ့ကျင့်ရေး အစီအစဥ်လည်း ဖြစ်သည်ဟု အသင်းက အသိပေးထားသည်။ ရခိုင်ယူနိုက်တက်အသင်းသည် MNL League Cup ပြိုင်ပွဲ အုပ်စု(ဂ)၏ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် လာမည့် ဇွန်လ (၁၅)ရက်တွင် သု၀ဏ္ဏကွင်း၌ ISPE အသင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071