ရန်ကုန်မြို့၊သံတမန်လမ်းရှိ အိန္ဒိယဂေဟာတွင် (၇၄) နှစ်မြောက် အိန္ဒိယ သမ္မတနိုင်ငံနေ့ အခမ်းအနားကို ယနေ့ ဇန္နဝါရီ ၂၆ရက်နေ့တွင် နှစ်ပွဲ ကျင်းပခဲ့ရာ မနက်ပွဲ အလံတင်အခမ်းအနား ၌အိန္ဒိယနိုင်ငံ သမ္မတ၏နိုင်ငံကိုပြောကြာသောမိန့်ခွန်းအားဖတ်ကြားခဲ့သည်။
ညပွဲ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Shri Vinay Kumar ကနုတ်ခွန်းဆက်စကားပြောကြားရာတွင် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီအတွေ့ကြုံများအား မြန်မာတွင်မျှဝေလိုကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ညပွဲအခမ်းအနားသို့ နစကမှအဆင့်မြင့်တာဝန်ထမ်းဆောင်နေသူများ၊ နိုင်ငံတကာ သံရုံး၊စစ်သံရုံး မှ အရာရှိကြီးများ၊အသင်းအဖွဲ့များမှပုဂ္ဂိုလ်များ၊နယ်ပယ်စုံ မှ ပညာရှင်များ၊အိန္ဒိယနွယ်ဖွားများ စုံလင်လှစွာတက်ရောက်ခဲ့ကြသည်။





