Wednesday, April 23, 2025

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို...

လားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင်...

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများ...

Sky News ၏ သတင်းအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို လန်ဒန်သို့ မလာရောက်တော့သည့်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများ ဗုဒ္ဓဟူးနေ့တွင်...
HomeNewsLocal Newsရန်ကုန်တိုင်း မြို့နယ်အချို့တွင် မြေပြင်...

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် မြေပြင် လူဦးရေစာရင်းကောက်ယူမှုများ ယနေ့ စတင်ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ဇန်နဝါရီလ ၉ ရက် (ယနေ့)၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းစဉ်များစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

” ဒီနေ့ မနက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးအဖွဲ့‌တွေ လဝကအဖွဲ့တွေနဲ့ အခြားလူကြီးတွေပါတဲ့အဖွဲ့က လူဦးရေ စာရင်းကောက်နေတာတွေ့တယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက်ပေါ့။ ဘာကိစ္စဖြစ်ဖြစ် ပြည်သူကတော့ လုပ်ပေးနိုင်တာလုပ်ပေးရမှာပေါ့။”ဟု မြောက်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူ ပြည်သူတစ်ဦးကဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင်မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို စတင်ပြုလုပ်လျက်ရှိနေသည်ဟု ယင်းမြို့နယ်အတွင်း သတင်းကွန်ရက်တစ်ခုက ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် ရန်ကုန်မြို့မြို့နယ်အများစု၌ မြေပြင်လူဦးရေစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရူံးအဖွဲ့က လိုက်လံကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းအတွက် မိမိတို့၏နေအိမ်ရှိသူများ၏ သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆင်သင့် ပြင်ဆင်ထားကြရန်နှင့် ခရီးသွားလာသူများရှိပါက ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကို မိတ္ထူကူးယူထား‌ပေးပါရန်မေတ္တာရပ်ခံထားသည်။

ယင်းသို့ မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းသည် နစက ကပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲအတွက်ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ ပြည်သူအများစုကလည်း သုံးသပ်ပြောကြားနေသည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း ကွင်းဆင်း ကောက်ယူမှုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ဒီဇင်ဘာ ၂၀ ရက်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI ဗီဒီယိုဂျင်န‌ရေတာကို မိတ်ဆက်

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။ “ဒါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဗီဒီယိုဖန်တီးမှုမျိုးဆက် မိုဒယ်ဖြစ်ပါတယ်” ဟု Kuaishou အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂိုင်ခွန်က ပေကျင်းတွင်ကျင်းပသည့် ကော်ပိုရိတ်အစည်းအဝေးပွဲတစ်ခုတွင် Kling AI 2.0 ကို မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် Kling...

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို ဖေါ်ပြခဲ့ကြသည်။ ထိုင်းအစိုးရကနိုင်ငံတော်အလံများကို တိုင်တစ်ဝက်ထားပြီး သုံးရက်ကြာ လွှင့်ထူရန် အမိန့်ထုတ်ထားသည်။ ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာ သာသနာပိုင်ချုပ် ဆရာတော်ကြီး စုံဒက်ဖရအရီယဝံ့သဂတနာနာသည် 2025 ခုနှစ် ဧပြီလ (22) ရက်နေ့တွင် ဝတ်ရာဇဗုပ်ပစ် သသိမဟာသိမာရံ ဘုရားကျောင်းက ဩဘာစာ ထုတ်ပြန်ခဲ့သည်။ ထိုချီးကျူးသြဘာစာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းနှင့် ၂၀၁၉...

လားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ လက်ရှိတွင် လားရှိုး -သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်‌တွင် လုံခြုံရေးတာဝန်များရယူထားသည်ဟုဆိုသည်။ "ဒီလကုန်ပိုင်းလောက် တောင်ကြီးဘက်က ဌာနဆိုင်နဲ့မိသားစုတွေပြန်ဝင်လာမယ်လို့တော့ သိရတယ်။ အခုကတော့ မြို့မှာအေးဆေးပါပဲ။ တပ်(မြန်မာတပ်မတော်)ဘက်တော့ လုံခြုံရေးယူသင့်တဲ့နေရာတွေ ယူနေပါတယ်"ဟု ၎င်းက ဆိုသည်။ ယခု ဧပြီလကုန်ပိုင်းတွင် အဓိကဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူမှုကြီးကြပ်ရေးဦးစီး ဌာနတို့ ဦးဆုံးဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟုလည် ၎င်းက ဖြည့်စွက်ပြောကြားသည်။ ယမန်နေ့ နံနက်ပိုင်းအချိန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071