ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်မှုဇုန် အသီးသီးကစက်ရုံ ၊အလုပ်ရုံများမှ လုပ်သားများကို ယမန်နေ့ ဩဂုတ်လ၁၅ရက်နေ့က စတင်ပြီး ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ အလုပ်သမား အများစုရှိတဲ့ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က အလုပ်သမားတွေကို အရင်ထိုးနှံပေး မှာဖြစ်ပြီး နေပြည်တော် အပါအဝင် ကျန်တိုင်း နဲ့ပြည်နယ်တွေ ကိုလည်း ဆက်လက်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီး ဌာနမှ သိရပါတယ်။
ကာကွယ်ဆေး ထိုးပေးနေတဲ့ တိုင်း၄တိုင်းက အလုပ်သမား အရေအတွက်က ရှစ်သိန်းကိုးသောင်းကျော် ရှိတယ်လို့လည်း အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပထမဦးစားပေး အုပ်စုဖြစ်တဲ့ အသက်၆၅နှစ် နဲ့အထက် များကို ထိုးနှံပေးထားပြီး ဒုတိယဦးစားပေး အဖြစ် ကုန်ထုတ်လုပ်ငန်းများမှ လုပ်သားများကို ထိုးနှံပေးနေတာဖြစ်ပါတယ်။