Tuesday, January 14, 2025

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင်...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China...

EAO များအတွင်း Coordination and...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅)...

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ဗဟိုဘဏ်အနေဖြင့်တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၉) ဦးကိုအမှုဖွင့် အရေးယူထားပြီး (၆) ‌ဦးအားတည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုထားကြောင်း ဗဟိုဘဏ်မှ...
HomeNewsLocal Newsရန်ကုန်တိုင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး...

ရန်ကုန်တိုင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၇) သိန်းဝန်းကျင်ခန့်ရှိပြီး အသက် ငါးနှစ်နှင့်အထက် ကလေးငယ်များမှစ၍ ကာကွယ်ဆေးထိုးနှံပေးနေ

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၇) သိန်းဝန်းကျင်ခန့်ရှိပြီး အသက် ငါးနှစ်နှင့်အထက် ကလေးငယ်များမှစ၍ ဆေးထိုးနှံပေးနေပြီး မည်သည့်အသက်အရွယ်မဆို သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများတွင် ဆေးသွားရောက်ထိုးနှံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောကြားသည်။

“အခုဆိုရင် ကာကွယ်ဆေးလုံး၀မထိုးရသေးတဲ့ ကျောင်းဝင်စ အသက်ငါးနှစ်အထက် KG ကလေးတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးစထိုးပေးနေပါတယ်။ ဒါတွေအပြင် အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အတွင်း လူငယ်တွေကို ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးပေးနေတယ်။ ကျန်တဲ့အသက်တွေကျတော့ ထပ်ဆောင်းကာကွယ်ဆေးတွေကို ခြောက်လပြည့်ရင် တစ်ခါ မည်သူမဆို သက်ဆိုင်ရာ ကိုယ့်ရဲ့ မြို့နယ်ကျန်းမာရေးဌာနတွေမှာ သွားရောက်ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးတစ်လုံးကို လူ ငါးဦးစာ ထိုးရတဲ့အတွက် လူပါးတဲ့အချိန်ထိုးမယ်ဆိုရင်တော့ လူနည်းနည်းစောင့်ရတာလေးတော့ ရှိပါတယ်” ဟု ဒေါက်တာဌေးလွင်က ပြောကြားသည်။

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကာကွယ်ရန် ခြောက်လတစ်ကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရန်လိုအပ်ကြောင်းနှင့် အထူးသဖြင့် ကလေးငယ်များ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများမှာ ထပ်ဆောင်းကာကွယ်ဆေးကို စဉ်ဆက်မပြတ်ထိုးနှံရန် လိုအပ်ကြောင်း သိရသည်။

“ ရန်ကုန်တိုင်း တစ်တိုင်းထဲမှာကို ဆေးအလုံးရေ (၇) သိန်းလောက်ရှိပါတယ်။ လက်ရှိလည်း မြို့နယ်ကျန်းမာရေးဌာနတွေမှာ ဆေးတွေထိုးပေးနေပါတယ်။ ရန်ကုန်တိုင်းမှမဟုတ်ဘူး တစ်နိုင်ငံလုံးမှာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို အလျှံအပယ်ကို ထိုးပေးနေပါတယ်” ဟု ဒေါက်တာဌေးလွင်က ဆက်လက်ပြောကြားသည်။

မိုးတွင်းကာလဖြစ်တာနှင့်အညီ လတ်တလော တုပ်ကွေးရောဂါအမျိုးမျိုး ဖြစ်ပွားမှုများရှိနေခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားကြောင်းနှင့် ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း ( အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ခြင်းတို့ကြောင့် အသက် ငါးနှစ်နှင့်အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

Photo Credit – MOH

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန်အပ်ခြင်းခံခဲ့ရသည့် H.E. Mr. Thongsavanh Phomvihane အား မြန်မာသံအမတ်ကြီးမှ ဇန်န ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ စွမ်းအင်၊...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ"ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင်...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးဆွေးနွေး

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ မဟာမိတ်အဖွဲ့ - 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ယနေ့ ဇန်နဝါရီ ၁၄ ရက်က သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦးဆောင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှနေ့စဥ်ရင် ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအားသုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071