Monday, June 16, 2025

ထိုင်းအသင်းကို (၅)ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး...

ယနေ့ ဇွန် (၁၆) ရက် မွန်းလွဲပိုင်းက ထိုင်း- မြန်မာအသင်းတို့ အာဆီယံ ယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို...

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...
HomeNewsLocal Newsရန်ကုန်တိုင်းအတွင်းလက်လုပ်မိုင်းများဖြင့်ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် BFRAF အဖွဲ့ဝင်...

ရန်ကုန်တိုင်းအတွင်းလက်လုပ်မိုင်းများဖြင့်ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် BFRAF အဖွဲ့ဝင် ၁၁ ဦးအားထပ်မံဖမ်းမိဟု နစက ထုတ်ပြန်

ရန်ကုန်တိုင်းအတွင်းလက်လုပ်မိုင်းများဖြင့်ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် BFRAF အဖွဲ့ဝင် ၁၁ ဦးအားထပ်မံဖမ်းမိဟု နစက ထုတ်ပြန်

ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်နှင့်သာကေတမြို့နယ်တို့တွင် လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင် ၁၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

နစက မှ ဇွန် ၂၆ ရက်ကထုတ်ပြန်ခဲ့သည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင်များဖမ်းဆီးရမိမှုမှ ဖမ်းဆီးရမိသူများအား စစ် ဆေးဖော်ထုတ်ချက်အရ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ ဇွန် ၂၆ ရက်ညပိုင်းတွင် BFRAF အဖွဲ့ဝင်များဖြစ်သည့် ရှုမောင်မောင်အောင်၊သင်းရနံ့လှိုင်၊ထက်လင်းနိုင်၊အေးသီရိမိုး၊ဝေယံဖြိုး၊ဇွန်ပွင့်ခင်ဦး၊ကျော်ဇင်သိန်း၊ဖြူဖြူသွယ်၊ကောင်းဆက်သူ၊ခင်သန္တာလွင်နှင့်ဝေယံမိုးဦး(ခ)ဂျင်မီတို့အား လုံခြုံရေးအဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်းတစ်ခုအ တွင်းမှ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ Sigsauer ပစ္စတို ၁ လက်၊၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ ကျည် ၅၀ တောင့်၊လက်လုပ်မိုင်း ၇၀ လုံး၊လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံး ၃ ပုံး၊ ၂ ဂါလံဆံ့ အက်ဆစ်ပုံး ၂ ပုံး၊ Keypad ဖုန်း ၁ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် ခင်သန္တာလွင်၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊အမှတ်(၂)ရပ် ကွက်၊စာတိုက်(၂)လမ်း၊အိမ်အမှတ်(ခ/၁၆)မှ လက်လုပ်မိုင်း ၅ လုံးနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူများသည် ဇန်နဝါရီ ၁ ရက်က ကျောက်တံတားမြို့နယ်၊အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်ဖေဖော်ဝါရီ ၁ ရက်တွင် သာကေတမြို့နယ်၊ရန်အောင်ရပ်ကွက်၌ လက် လုပ်မိုင်းများဖြင့် ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသည်ဟု စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းအသင်းကို (၅)ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်း

ယနေ့ ဇွန် (၁၆) ရက် မွန်းလွဲပိုင်းက ထိုင်း- မြန်မာအသင်းတို့ အာဆီယံ ယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက မြန်မာအသင်းကို (၅) ဂိုး (၁)ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအသင်းက ဦးဆောင်ဂိုး (၄) ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း နောက်ထပ် (၁) ဂိုးထပ်မံသွင်းယူခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းပွဲချိန်မှစ၍ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိပိုင်းပွဲချိန်အတွင်းမှ ချေပဂိုး (၁) ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြင့် ကျေနပ်ခဲ့ရပြီဖြစ်သည်။ အာဆီယံ...

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ ဟောင်ကောင်သို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု ယင်းဖြစ်ရပ်ကို တို-က်ရို-က်သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ အလားတူ ဘိုးရင်းအမျိုးအစားလေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘတ်တွင် ပျ-က်ကျခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာမက်ဒါဘတ်ဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါ လူ ၂၄၂ ဦးအနက် တစ်ဦးသာ အသက်ရှင်ခဲ့သည်။တနင်္လာနေ့တွင် ဟောင်ကောင်မှ ထွက်ခွာခဲ့သော အဲရ်အိန္ဒိယ၏ ဒရင်းမ်လိုင်နာလေယာဉ် ခရီးစဉ်အမှတ်...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ ဦးစီးဌာန (ရန်ကုန်)က အသိပေးထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ကာ လာမည့် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့သို့လည်းကောင်း၊ လာမည့် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အတွင်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရှိကြောင်း ဆိုသည်။ ထိုသို့‌သော အခြေအနေကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေဖြင့် ယနေ့မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071