Home Movies ရန်ကုန်တိုင်းရှိ ပြည်သူ့ဆေးရုံ(၄)ခု၌ အပူဒဏ်ကြောင့်ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား

ရန်ကုန်တိုင်းရှိ ပြည်သူ့ဆေးရုံ(၄)ခု၌ အပူဒဏ်ကြောင့်ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား

0
167

ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး(လှိုင်သာယာ)နှင့် ပြည်သူ့ဆေးရုံကြီး(သန်လျင်)တို့တွင် အပူဒဏ်ကြောင့်ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

အဆိုပါ ဆေးရုံကြီးများ၌ လူနာများလက်ခံကုသပေးမည့်နေရာ၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ်အန္တရာယ်လူနာများအားအရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်ရန်လေ့ကျင့်ခြင်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here