ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ(၁)ရက်မှ(၄)ရက်အထိ (၄)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်သည် မြန်မာ့ရိုးရာ ယဥ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများ၏ လှပမှုကို ဖော်ပြလေ့ရှိသော ချစ်စရာ ဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော် ကာလ အထိမ်းအမှတ်အဖြစ်ပြည်တွင်းထုတ်ကုန်များ၊ လက်မှုပစ္စည်းများ၊ အစားအစာနှင့် အမှတ်တရပစ္စည်းမျိုးစုံ စုံလင်စွာ ခင်းကျင်းရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ ဈေးပွဲတော်ကြီးနှင့်အတူ ပရိတ်သတ်ချစ်သည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ Magic Show ၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်သည့် သဘာဝပတ်ဝန်းကျင် နေရာလှလှလေးများကိုပါ တစ်နေရာတည်း တစ်ချိန်တည်းမှာ ရှု့မြင် ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
