ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ဒလမြို့နယ် အပါအဝင် မြို့နယ် (၅)ခုကို ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အဆိုပါ မြို့နယ် (၅)ခုမှာ တွံတေး၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ဖြစ်ပြီး ယခင်က သတ်မှ တ်ထားသည့် မနက် (၁) နာရီမှ (၃) နာရီအစား ည (၁၀) နာ ရီ မှ မနက် (၅)နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ (၂၄)ရက်၊ ညပိုင်းတွင် ကွမ်းခြံကုန်းမြို့ နယ်၊ ကသစ်ကုန်းကျေးရွာ၌ ရာအိမ်မှူးနှင့် ၎င်း၏ မြေးဖြစ်သူ ေ-သနတ်ဖြင့်ပစ်ခတ်ခံရပြီး ေ-သဆုံးမှု ဖြစ်ပွားခဲ့ပြီးနော က်ပိုင်း ယင်းအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“သူကလိုက်ပြီးကြေညာတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကို ကြေးနန်းစာဖြန့်တယ်။ အဲဒီကနေ လိုက်ပြီးကြေညာတယ်။ အစ်ကိုတို့ ခါတိုင်းဆိုရင် ပုံမှန် သဗ္ဗာန်ကို မနက်လေးနာရီထွက်တယ်။ အခုတော့ သဗ္ဗာန်ဂိတ်တွေကိုပါ အချိန်ပြောင်းရတာပေါ့”ဟု ဒလနှင့်ရန်ကုန်သဗ္ဗာန်မောင်းသူတစ်ဦးကပြောသည်။
အဆိုပါ အမိန့်ကြေညာစာအရ ဧပြီ (၂၆) ရက်မှစတင်ပြီး ညမထွက်ရ အမိန့်ကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လုံခြုံ ရေး အခြေအနေအရ ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်မြို့နယ်များ၏ ညမထွက်ရအမိန့်သည် ယခင်သတ်မှတ်ထားသည့်အတိုင်း ပြောင်းလဲထားခြင်းမရှိကြောင်း သိရသ ည်။

