(Unicode)
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှကိုအောင်ဖုန်းမော် ထောင်၃နှစ်ကျ
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်ကို လှိုင်သာယာအနောက်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြောသည်။
တာမွေမြို့နယ်၌ ပြုလုပ်ခဲ့သည့် ဆန့် ကျင်ရေးတွင် အခြားသော ကျောင်းသားခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်ကို လှိုင်သာယာအနောက်မြို့နယ် အထူးတရားရုံးက ယခုရက်ထဲ အမိန့်ချလိုက်ခြင်းဖြစ်သည်။
(Zawgyi)