Thursday, November 13, 2025

အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ် ရက်ပြောင်းလဲသတ်မှတ်

အာရှဖလားခြေစစ်ပွဲအတွက် အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်‌ပြောင်းရွှေ့လိုက်သည်ဟု AFC က...

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း...
HomeNewsLocal Newsရန်ကုန်ဆိပ်ကမ်း၂ခုတွင် ID ကြေညာထားခြင်းမရှိသည့်...

ရန်ကုန်ဆိပ်ကမ်း၂ခုတွင် ID ကြေညာထားခြင်းမရှိသည့် ငွေကျပ်သန်း၃၀၀ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများစစ်ဆေးတွေ့ရှိခဲ့၍ အမှုဖွင့်

(Unicode)

ရန်ကုန်ဆိပ်ကမ်း၂ခုတွင် ID ကြေညာထားခြင်းမရှိသည့် ငွေကျပ်သန်း၃၀၀ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများစစ်ဆေးတွေ့ရှိခဲ့၍ အမှုဖွင့်

၂၀၂၁ ဒီဇင်ဘာ ၃၁ရက်က အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှုတစ်မှု( စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၁၂၇ ဒသမ၇၇၅ သန်းခန့်)၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှုသုံးမှု( စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈ ဒသမ ၅၈၁ သန်းခန့်) တိုကို စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိနေသည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ကြေညာထားသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ID No. 100192145540 (23.12.2021) ကုန်သေတ္တာအမှတ် TEMU-3911040 (1×40′) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော Motorcycle Spare Partကိုစစ်ဆေးခဲ့ရာ Import Declaration (ID) တွင် ကြေညာထားခြင်းမရှိသည့် Motorcycle Spare Parts Item ၁၀ မျိုး၊ (97029) U, (5050)Kg ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅ ဒသမ၂၁၅သန်းကိုလည်းကောင်း၊ Network Camera | Recorder (46)U ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ ဒသမ ၅၆ သန်းခန့်ကို လည်းကောင်း အမှုတွဲဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်ဟု ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ထိုအတူ ဒီဇင်ဘာ ၃၀ ရက်က မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No,100191620541 (19.12.2021) ကုန်သေတ္တာအမှတ် ZCsU-T243403 (1×40′) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item ငါးမျိုးကိုစစ်ဆေးခဲ့ရာ Item (1) Induction Cooker on day သာ မှန်ကန်မှုရှိပြီး ကျန် Item လေးမျိုးမှာ ပါရှိ လာခြင်းမရှိပေ။ ID တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်း Item လေးမျိုး၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈ ဒသမ ၄ သန်းခန့်ကို လည်းကောင်း၊ Chemicalပစ္စည်း Item နှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒသမ ၃၅၂ သန်းခန့်ကို လည်းကောင်း အမှုတွဲ ဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အလားတူ ယင်းနေ့တွင် မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No. 100191619621 (19.12.2021) ကုန်သေတ္တာအမှတ် ZC50-T784408 (1×40′) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item ရှစ်မျိုးကို စစ်ဆေးခဲ့ရာ ID တွင် ကြေညာထားသည့် Item (2) Racking System တစ်မျိုးသာ ကိုက်ညီမှန်ကန်မှု ရှိသည်။ ကျန် Item ခုနှစ်မျိုးမှာ ပါရှိလာခြင်းမရှိပေ။ID တွင် ကြေညာထားခြင်းမရှိသည့် chemical ပစ္စည်း Item ခြောက်မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၆၈၂ သန်းခန့်ကို လည်းကောင်း၊ အလှကုန် ပစ္စည်း Item ၁၁ မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉ ဒသမ ၀၃ သန်းခန့်ကို လည်းကောင်း၊ လူသုံးကုန် ပစ္စည်း Item သုံးမျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉ ဒသမ ၈၁သန်းခန့်ကိုလည်းကောင်း၊ အဝတ်အထည်ဟော င်း Item သုံးမျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀ ဒသမ ၅ သန်းခန့်ကို လည်းကောင်း အမှုတွဲ ဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့သည်ဟုသိရသည်။
ထိုအတူ ယင်းနေ့တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ID No. 100191618661 (19.12.2021) ကုန်သေတ္တာအမှတ် JXLU-6640509 (1×40′) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item ၁၁ မျိုးကို စစ်ဆေးခဲ့ရာ ID တွင် ကြေညာထားသည့် Item ခုနစ်မျိုးသာ ကိုက်ညီမှန်ကန်မှုရှိပြီး ကျန် Item လေးမျိုးပါရှိခြင်း မရှိပေ။ IDတွင်ကြေညာထားခြင်း မရှိသည့် Chemical ပစ္စည်း Item နှစ်မျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် (၃ ဒသမ ၁၁၅)သန်းခန့်ကို လည်း ကောင်း၊ Phone Battery Item ခုနစ်မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅ ဒသမ ၄၃ သန်းခန့်ကို လည်း
ကောင်း၊ အလှကုန်ပစ္စည်း item ခြောက်မျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁ ဒသမ ၅၄ သန်းခန့်ကို လည်း
ကောင်း၊ စားသောက်ကုန် Item လေးမျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၄ ဒသမ ၃၆ သန်းခန့်ကို လည်း
ကောင်း၊ လူသုံးကုန်ပစ္စည်း Item ငါးမျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၄ ဒသမ ၃၆၂ သန်းခန့်ကို လည်း ကောင်း အမှုတွဲ ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

(Zawgyi)






Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071