Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeNewsLocal Newsရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ နှစ်စ...

ရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၅ ရက်တွင် တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့

ရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ ခုနှစ်၊ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၅ ရက်တွင် တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် FMI(First Myanmar Investment Public Co.Ltd)၊ MTSH(Myanmar Thilawa SEZ Holdings Public Co.,Ltd၊ MCB(Myanmar Citizen Bank Ltd၊ FPB(First Private Bank Limited၊ TMH(TMH Telecom Public Co.,Ltd၊ EFR(Ever Flow River Group Public Co.,Ltd၊ AMATA (Amata Holding Public Co.,Ltd၊ MAEX (Myanmar Agro Exchange Public Co.,Ltd) စသည်ဖြင့် ကုမ္ပဏီတို့ (၈) ခုတို့က စတော့ရှယ်ယာအရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာအရေအတွက်စုစုပေါင်း (Total Trading Volume) ၅၃၆၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုးစုစုပေါင်း (Total Trading Value) ကျပ် ၁၃ ဒသမ ၀၂ သန်းကျော်ရှိခဲ့သည်။

ရန်ကုန်စတော့အိပ်ချိန်း၏တစ်နေ့တာရှယ်ယာအပိတ်ဈေးနှုန်းများအနေဖြင့် FMI က ကျပ် ၈၆၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ MTSH က ရှယ်ယာအပိတ်ဈေး ကျပ် ၃၇၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၁၁၈ စောင်၊ MCB က ရှယ်ယာအပိတ်ဈေး ကျပ် ၇၈၀၀ ရှိခဲ့ကာ ရှယ်ယာ ၇၉ စောင်၊ FPB က ရှယ်ယာအပိတ် ဈေး ကျပ် ၂၄၅၀ ရှိခဲ့ကာ ရှယ်ယာ ၁၀၃၄ စောင်၊ TMH က ရှယ်ယာအပိတ်ဈေး ကျပ် ၃၅၅၀ ရှိခဲ့ကာ ရှယ်ယာ ၃၅ စောင်၊ EFR က ရှယ်ယာအပိတ်ဈေး ကျပ် ၁၆၅၀ ရှိခဲ့ကာ ရှယ်ယာ ၂၈၇၁ စောင်၊ AMATA က ရှယ်ယာ အပိတ်ဈေး ကျပ် ၄၉၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆၇ စောင်၊ MAEX က ရှယ်ယာအပိတ်ဈေး ကျပ် ၃၂၅၀ ရှိခဲ့ကာ ရှယ်ယာ ၄၉ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာအရောင်းအဝယ်ဖြစ်မြောက်မှုအနေဖြင့် အစုရှယ်ယာအရေအတွက်စုစုပေါင်း ၁၁၉၉၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုး ကျပ် ၁၆၅ ဒသမ ၁၁ သန်းရှိသည်။

စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာရှယ်ယာအပိတ်ဈေးအနေဖြင့် MAGDPL (Myanmar Agricultural & General Development Public Co.,Ltd) က ကျပ် ၂၇၀၀ ဖြင့် ရှယ်ယာစောင်ရေ ၈၈၉၆ စောင်၊ GBS Agricultural Services Public Co.,Ltd က ရှယ်ယာအပိတ်ဈေး ကျပ် ၄၆,၀၀၀ ရှိခဲ့ကာ စုစုပေါင်းရှယ်ယာစောင်ရေ ၃၁၀၃ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071