ရန်ကုန်စည်ပင်၏အွန်လိုင်းဝန်ဆောင်မှု ၇ခု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ e-Government Master Plan ကိုအ ကောင်အထည်ဖော်ဆောင်လျက်ရှိရာမှာ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတော်တော် များများဟာ အွန်လိုင်းကနေလျှောက်ထားလို့ရနေပါပြီ။
အွန်လိုင်းဝန်ဆောင်မှုရနိုင်မယ့် လုပ်ငန်းကိစ္စတွေကတော့
(၁)လုပ်ငန်းလိုင်စင်လျှောက်ခြင်း
(၂)ကြော်ငြာဆိုင်းဘုတ်လျှောက်ခြင်း
(၃)အိမ်ခြံမြေဂရန်လျှောက်ခြင်း
(၄)အဆောက်အအုံကိစ္စများလျှောက်ခြင်း
(၅)အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
(၆)တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန
(၇)အခွန်ဌာန တို့ဖြစ်ပါတယ်။
လုပ်ငန်းလိုင်စင်လျှောက်ထားရာမှာတော့ လုပ်ငန်းလိုင်စင်၊ အစားအသောက်လိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်အပါအဝင် လိုင်စင် ၁၂ မျိုးကို လျှောက် ထားနိုင်ကြောင်း သိရပါတယ်။
အဆောက်အအုံကိစ္စများလျှောက်ထားရာမှာ
အဆောက်အအုံဆောက်လုပ်ခွင့် Permit, Inspection,BBC,TAI အပါအဝင် ကန်ထရိုက် တာလျှောက်ထားခြင်း၊ တိုက်ခန်းအမည်ပြောင်းလျှောက်ထားခြင်း၊တိုင်းတာရေးလိုင်စင်လျှောက်ထားခြင်း၊ Pile လိုင်စင်လျှောက်ထားခြင်းနဲ့ Soil Test လိုင်စင်လျှောက်ထားခြင်းတို့ကို ဆောင်ရွက်ပေးနေပါတယ်။
လျှောက်ထားရာမှာလိုအပ်မယ့်အချက်အလက် တွေကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဝက်ဘ်ဆိုက် www.ycdc.gov.mm မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ဝက်ဘ်ဆိုက်မှာ မြို့တော်စည်ပင်ရဲ့ တင်ဒါခေါ်ယူခြင်းလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီဖော်ပြပေးတဲ့အပြင် ရန်ကုန်မြေပုံ၊ မြို့တော်စည်ပင်ရဲ့ဌာနများ၊ ဝန်ဆောင်မှုများစသဖြင့် အသေးစိတ်လေ့လာကြည့်ရှုလို့ ရနိုင်ပါတယ်။