လာမည့် ဒီဇင်ဘာလတွင် ရန်ကုန်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ-၂၀၂၅ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ သိရသည်။
ကျောက်မျက်ရတနာ အချောထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သော ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ ကြီးမှူးကျင်းပမည့် “ရန်ကုန်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ-၂၀၂၅” ကို ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပွဲကို ရန်ကုန်မြို့ Lotte Hotel တွင် ဒီဇင်ဘာ (၁၀) ရက်နှင့် (၁၁) ရက်နေ့များတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကျောက်မျက်အသင်းဝင်အသင်းသားရတနာကုန်သည်များ၊ ရန်ကုန်မြို့ရှိ ရတနာဆိုင်ကြီးများ၏ ဆိုင်ခန်းပေါင်း (၈၀) ပါဝင်ခင်းကျင်းပြသရောင်းချကြမည်ဖြစ်ကြောင်း သိရသည်။
ရတနာကိုချစ်မြတ်နိုးသူများ၊ တန်ဖိုးထားစုဆောင်းလိုသူများ၊ ရတနာမျိုးစုံကို တစ်နေရာတည်းတွင်စုံစုံလင်လင်ကြည့်ရှုလေ့လာလိုသူများကြွရောက်နိုင်ရန်ဖိတ်ကြားထားသည်။
