Saturday, January 24, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့်...

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊...
HomeArticlesရန်ကုန် အမှုလိုက်

ရန်ကုန် အမှုလိုက်

qn

ကျွန်ူပ်တို့၏ ရန်ကုန်အမှုလိုက်သည် ရဲလုပ်ငန်းနှင့် ပတ်သက်သော investigator စုံစမ်းစစ်ဆေးရေးအရာရှိမဟုတ်ပေ။ သူ့ကို အထက်အာဏာပိုင်များက ညွှန် ကြားတာဝန်ပေးထားသည့် မှုခင်းစုံ ထောက် တစ်ယောက်လည်းမဟုတ်ပေ။ အမှုအခင်းနောက်သို့ မလိုက်ရလျှင် မနေနိုင်လောက်အောင်အထိ အထိန်းမတတ် စိမ်းဆတ်ဆတ် ဖြစ်နေရှာသော အပျော်တမ်းလူမှုရေး အကျိုးဆောင် ဗော်လံတီယာကြီးတစ်ဦးမျှသာဖြစ်သည်။

” အရှေ့တောင်အာရှဒေသရဲ့ ကျက်သရေဆောင် ငရို့ရဲ့ ရွှေမြို့တော်ကြီးမှာ အရပ်သားဒီမိုကရေစီ အစိုးရတက်လာပြီးမှ ရာဇဝတ်မှုခင်း တွေ ပိုများလာသလိုပဲ။ မှုခင်း သတင်းတွေဟာ နေ့စဉ်သတင်းစာ မှာရော၊ အပတ်စဉ်ဂျာနယ်တွေမှာပါ စဉ်ဆက်မပြတ် ပေါင်းလန်အောင် ပါနေတာတွေ့ရတော့ ငါ့ရင်ထဲ မချမ်းမြေ့မကြည်သာနိုင်ဘူး။ တရားဥပဒေစိုးမိုးမှု Rule of Law လျော့ရဲနေပြီလို့ ငါထင်တယ်။ (ဆင်းရဲ ငရဲမကြောက်) ဆိုသလို ဆင်းရဲမွဲတေမှုကြောင့် လက်ရဲဇက်ရဲ ခိုးဆိုး လုယက်သတ်ဖြတ်နေကြတာလားမသိ”

ရန်ကုန်အမှုလိုက်က တစ်ကိုယ်တော် တိုးတိုးတိတ်တိတ် ဆင်ခြင် ညည်းတွားနေခြင်းကို ဒိဗ္ဗသောတ (ဝါ) နတ်ဒေဝတာတို့၏ ထူးကဲစွမ်း အင် အကြားအာရုံ ရရှိထားသည့် ဆူးလေဘိုးဘိုးကြီးက နားစွန်နားဖျား ကြားလိုက်မိသည်။ ရန်ကုန် အမှု လိုက်သည် အခွင့်အာဏာမရှိဘဲ အမှုလိုက်ရင်း ထင်ရာလုပ်တတ် သော အကျင့်ကို ဆူးလေဘိုးဘိုးကြီး က ကောင်းစွာသိထားပေသည်။ ထို့ ကြောင့် “ဒီအရူးကိုတော့ လွှတ်ထား လို့မဖြစ်ချေဘူး” ဟုဆိုကာ ဆူးလေစေတီမှ ထွက်လာခဲ့သည်။ ထိုအချိန်၌ ကျွန်ုပ်တို့၏ ဇာတ် လိုက်ကျော်ကြီး ရန်ကုန်အမှုလိုက်သည် လမ်းပေါ်၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေသော မည်းမည်းဝဝ မိန်းမကြီးတစ်ယောက်ကို အလစ်မပေးဘဲ စောင့်ကြည့်နေသည်။

” ဦးနုအစိုးရ အလိုမရှိ… ဦးနေဝင်းအစိုးရ အလိုမရှိ … ဦးသိန်းစိန် အစိုးရ အလိုမရှိ..” ဟု မိန်းမကြီးက ဝမ်းခေါင်းသံကြီးဖြင့် ထပ်ပြန်တလဲလဲ အော်ဟစ်ရင်း လူရှင်းသော ပလက်ဖောင်းပေါ်မှာ ရပ် နေသည်။ ” အဒေါ်ကြီး .. အဒေါ်ကြီးသတိထားပါဗျာ။ အဒေါ်ကြီးဆန္ဒပြတဲ့ အစိုးရတွေက တစ်ခုမှမရှိတော့ ဘူးလေ။ မရှိတော့တဲ့အစိုးရတွေကို ဆန္ဒပြလို့အလကားပဲပေါ့” ဟု ရန်ကုန်အမှုလိုက်က သတိပေးသည်။

” မရှိတော့တဲ့ အစိုးရမို့ ဆန္ဒပြ ရဲတာပေါ့ဟဲ့။ လက်ရှိအစိုးရကို ဆန္ဒပြရင် ငါ့ကိုလာဖမ်းသွားမှာပေါ့” ဟု မိန်းမကြီးက ပြန်ပြောသည်။ “ဘာပဲဖြစ်ဖြစ် အဒေါ်ကြီးကို လမ်းပိတ်ဆို့မှုနဲ့ စည်ပင်ရဲက လာဆွဲလိမ့်မယ်။ အဒေါ်ကြီး မကြားဖူးဘူး လား။ စည်ပင်ရဲတို့ မျက်စောင်း အကြောင်းသုံးပါးမရွေးဘူး..တဲ့”” ဘာကြီးပဲလာလာ .. လမ်းဆုံက ဂျမ်းတုံတို့က ဂရုမစိုက်ပေါင်။ ဒေါ်နယ်ထရမ့်အစိုးရ အလိုမရှိ။ ဗလာဒီမာပူတင်အစိုးရ အလိုမရှိ။ နာရိန်ဒရာမိုဒီ အစိုးရ အလိုမရှိ ..အဟိဟိ၊ မော်စီတုံး အလိုမရှိ၊ စတာလင် အလိုမရှိ… မဟတ္တ မဂန္ဒီ အလိုမရှိ အဟိဟိ..” မိန်းမကြီး၏ အော်ပုံဟစ်ပုံနှင့် အသုံးအနှုန်းများကို သေချာစွာ ကြည့်ရှုအကဲခတ်ပြီးနောက် ရန်ကုန် အမှုလိုက်သည် နောင်တ အကြီးအကျယ် ရသွားသည်။ စိတ်ပျက် စိတ်ညစ်စွာ ပင့်သက်ချလိုက်သည်။

” ဝူး… ဂေါက်..ဂေါက် စူပါဂေါက်နဲ့မှ လာတွေ့နေရပါလား “

ထို့နောက် ရန်ကုန်အမှုလိုက် သည် မိမိ၏ဂုဏ်အင်္ဂါနှင့်လိုက်ဖက် အောင် အမှုအသစ် တစ်စုံတစ်ရာ ကို လိုက်လံရှာဖွေပြန်သည်။ ရန်ကုန် အနောက်ပိုင်းဘက်သို့ အရောက် တွင် လူငယ်နှစ်ဦး ဘောင်းဘီရှည် ကိုယ်စီ၊ တီရှပ်ကိုယ်စီ၊ တရုတ် ရှူးဖိနပ်ကိုယ်စီတို့ဖြင့် ကွန်ဖူး သိုင်းကွက်ခင်းကာ သတ်ပုတ်နေကြ သည်ကို တွေ့မြင်ရလေ၏။ ” ဟင်း ..ခုတော့ လက်နက်မဲ့တိုက်ပွဲပဲ။ နောက်ပိုင်းမှာ ဓားတွေ၊ ရဲတင်းတွေ နဲ့ လက်နက်စုံတိုက်ပွဲဖြစ်လာရင် သွေးရဲသံရဲ ရှုမကောင်း၊ မြင် မကောင်း ဖြစ်ကုန်တော့မယ်။ အချိန်မီ ဝင်တားမှ’ ဟု ရန်ကုန် အမှုလိုက် တွေးမိရင်း ကွန်ဖူးတိုက်ပွဲ ရှိရာသို့ ရှူးခနဲပြေးဝင်သွားသည်။

” ဟေး..ဟေး၊ ရန်ကိုရန်ချင်း မတုံ့နှင်းကြနဲ့။ တော်လိုက်ကြ၊ ရပ်လိုက်ကြတော့။ စတော့(ပ်)ဝါး(စ်) Stop Wars စစ်ပွဲတွေရပ်ကြ၊ ညီ အစ်ကိုလို ချစ်ကြ”ရန်ကုန်အမှုလိုက်သည် ခြေကားရား၊ လက်ကားရားနှင့် ပြေးဝင်သွားရင်း ကျယ်လောင်စွာ အော်ဟစ်တားဆီးသည်။ ကွန်ဖူးသမား နှစ်ယောက် ဖြုန်းခနဲရပ်လိုက်ကြပြီး ရန်ကုန်အမှုလိုက်ကို ဘုကြည့်ကြည့် ကြသည်။ ဘောင်းဘီဝတ် လူငယ်သုံး၊ လေးယောက်လည်း ဝိုင်းအုံလာသည်။

” ဟေ့..ဘွတ်ကလုံကြီး ဘာဝင်ကြောင်တာလဲ။ ကိုယ့်လမ်းကိုယ်သွား”
“မအူမလည်နဲ့ နာချင်ပြီထင်တယ်” လူငယ်တွေက ရန်ကုန်အမှု လိုက်ကို တွန်းထုတ်ကြသည်။

” ဟိတ်ကောင်တွေ..မင်းတို့ ငါ့ကို ဘာမှတ်လို့တုံး။ တရားဥပဒေ စိုးမိုးရေးအတွက် ကိုယ် ကျိုးမဖက် အနစ်နာခံဆောင်ရွက် နေတဲ့ ရန်ကုန်အမှုလိုက်ဆိုတာ မင်းတို့ မကြားဖူးကြဘူးလား” ရန်ကုန်အမှုလိုက်က ပြန်အော် နေစဉ် ကင်မရာလွယ်ထားသော လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာသည်။

” မှားနေပြီ Bro ၊ Bro မှားနေ ပြီ။ ကျွန်တော်တို့က Home Video ကလေးတစ်ခုအတွက် မှတ်တမ်းတင်နေတာ။ Bro ဝင်ရှုပ်တာနဲ့ တစ်မိနစ်စာလောက် ပျက်စီးသွားပြီ။ လျော်ကြေး ငါးသောင်းပေးရပါလိမ့်မယ်။ မပေးရင်တော့ ကျွန်တော်တို့ အားလုံးက ကွန်ဖူးသမားတွေဆိုတာ ဟောဒီတရုတ်တန်းတစ်တန်းလုံး သိပြီးသား။ Bro ကို အေးဆေးညှိ ကြည့်တာပါ။ ညှိလို့မရရင်တော့..”

ရန်ကုန်အမှုလိုက်ခမျာ အကျပ်ရိုက်နေပြီး ” ရုပ်ရှင်ထဲက ဂျက်ကီချန်း ဖြစ်ဖြစ်၊ ဂျက်လီဖြစ်ဖြစ် ငါ့ကိုလာပူးစမ်းပါလား” ဟု တွေးမိတွေးရာ တွေးလိုက်စဉ် ဆူးလေဘိုးဘိုးကြီးက စခန်းမှူးရဲဝတ်စုံဖြင့် ဘွားခနဲ ရောက်လာပြီး ရန်ကုန်အမှုလိုက်ကို ကယ်ထုတ်သွားလေသည်။ လွတ်လပ် သော တစ်နေရာရောက်တော့မှ ဆူးလေဘိုးဘိုးကြီးက မူလရုပ်သွင်အတိုင်း ကိုယ်ထင်ပြပြီး..

” မင်းဟာ အမှုလိုက်ကြီးပီပီအလွန်အမှုရှာတဲ့ကောင်ပဲ။ အဲသည် ကောင်လေးတွေက ပိုက်ဆံရှိတဲ့ တရုတ်တန်းလူမိုက်တွေကွ။ တရုတ် တွေနဲ့ ပြဿနာမဖြစ်ချင်စမ်းပါနဲ့ကွာ” ဟု မြည်တွန်တောက်တီးသည်။ “တရုတ်တွေနဲ့ ပြဿနာမဖြစ်ရရင် ကုလားတွေကို ပြဿနာရှာရမှာလား” ဟု ရန်ကုန်အမှုလိုက်က မကျေမချမ်းအသံဖြင့် မေးလိုက်သည်။ “တရုတ်နဲ့လည်း ပြဿနာ မဖြစ်နဲ့။ ကုလားနဲ့လည်း ပြဿနာ မဖြစ်နဲ့။ ငရို့ ရွှေဗမာအချင်းချင်းပဲ ပြဿနာဖြစ်။ ရွှေဗမာအချင်းချင်း ပြဿနာဖြစ်တာ အရှင်းရလွယ်တယ် မင်းမှတ်ထားလကွ” “ဟာ..ဘိုးဘိုးကြီး အယူအဆက အူကြောင်ကြားပဲ။ ကျွန်တော်က မျိုးချစ်စိတ် ရှင်သန်ထက်မြက်တဲ့ ဝံသာနုသမားဗျ။ မအေကျော်ပြီး ဒွေးတော်တော့မလွမ်း…မလွမ်း”

ရန်ကုန်အမှုလိုက် စကားမဆက်နိုင်ခြင်းမှာ သူနှင့် ဆူးလေ ဘိုးဘိုးကြီးတို့အနီးတွင် “ဂျလွမ်း.. ဂွမ်း” ဟူသော အသံပေါ်လာသော ကြောင့် ဖြစ်သည်။ ရပ်ထားသော ကုန်တင်ယာဉ်အငယ်စား တစ်စီးပေါ်မှ ကတ်ထူသေတ္တာတစ်လုံးကို အောက်သို့ချရင်း သေတ္တာတစ်လုံး ပွင့်ထွက်ကာ အထဲမှ စတီးဓားမျိုးစုံ ပလက်ဖောင်းကျောက်ပြားပေါ်သို့ ကျလာကြသောကြောင့် ဖြစ်လေသည်။ “ဟာ..ဓားတွေ..ဓားတွေ။ မင်းတို့ တစ်ယောက်မှ မပြေးနဲ့။ မင်းတို့ အကြမ်းဖက်ကျူးလွန်ဖို့ ကြံစည်နေတဲ့ အကြမ်းဖက်သမား တွေ။ အားလုံးထောင်ထဲပို့ပစ်မယ်” ဟု အော်ဟစ်ရင်း ရန်ကုန်အမှုလိုက်က ကုန်တင်ကားဆီသို့ ပြေးသွားဖို့ ခြေလှမ်းပြင်သည်။သို့သော် တန်ခိုးရှင် ဘိုးဘိုးကြီးက ရန်ကုန်အမှုလိုက်ကို တန်ခိုးဖြင့် ချုပ်ကိုင်တားဆီးကာ အဝေးသို့ ဆွဲ ခေါ်သွားတော့သည်။ ” မှုခင်းအစစ်အမှန်ကို ကြိုတင် ကာကွယ်တာလည်း မလုပ်နိုင်၊ အမှု ဖြစ်တော့လည်း ပေါ်အောင် မလိုက် နိုင်တဲ့ ငတုံး၊ ငအ။ အဲသည်ဓားတွေက တရားဝင်တင်သွင်းလာတဲ့ စတီး ဓားတွေဟ။ ဒီကနေ့ကစပြီး မင်းကို အမှုလိုက်ရာထူးကဖြုတ်တယ်။ ရာထူး အဆင့်လည်း ချသဟဲ့..မှတ်ထား”

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071