Saturday, January 24, 2026

ယူအက်စ်၊ ယူကရိန်းနှင့် ရုရှား သုံးပွင့်ဆိုင်...

ဇန်နဝါရီ ၂၃ လေးနှစ်ကြာနီးပါး ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖြန် ဖြေပေးသည့်အစီအစဉ်တစ်ခုအဖြစ် ရုရှား၊ ယူကရိန်းနှင့် အမေရိကတို့မှ ညှိနှိုင်းရေးမှူးများသည်...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...
HomeArticlesရန်ကုန် မာနရှင်

ရန်ကုန် မာနရှင်

qnick

ရန်ကုန်မာနရှင်ဟူ၍ နာမည်ဂုဏ်ပုဒ်ဖြင့် ထင်ရှားကျော်ကြားထောင်လွှား မာနမြောက်ြ<ွကမြောက်ြ<ွကဖြစ်နေသောကြောင့် သူ့ကိုလူမုန်းများလှသည်မှာ မဆန်း။ သူက “မော်လမြိုင် အစား၊ မန္တလေးစကား၊ ရန်ကုန် အကြွား” ဟူသော အဆိုနှင့်အညီ အြ<ွကားကလည်း သန်သည်။ ဇာတိ မာန်ကလည်း အစွန်းရောက်ဟု အထင်ခံရလောက်အောင် ဟုန်းဟုန်း တောက်နေသည်။ မသိနားမလည် သူများဆိုလျင် ရန်ကုန်မာရှင်၏ လေတစ်လုံး၊ မိုးတစ်လုံးအဖြီးအဖြန်း အောက်မှာ ငုတ်တုတ်မေ့သွားနိုင်သည်။

” အရှေ့တောင်အာရှမှာ ဘာကြောင့် စင်္ကာပူထိပ်တန်းရောက်နေသလဲသိလား” ဟု ရန်ကုန်မာနရှင်က မူကြိုဘွဲ့ရ ဆင်းရဲသားတစ်ယောက် ကို ဟိတ်မာန်အပြည့်ဖြင့် မေးလိုက်သည်။ “မသိပါဘူးဆရာကြီး “ဟု မူကြို ဘွဲ့ရဆင်းရဲသားက မျက်စိပေကလပ်ဖြင့် ဝန်ခံသည်။

” မသိရင်မှတ်ထား စင်္ကာပူ ထိပ်တန်းရောက်နေသဟာ ငရို့မြို့ ရွှေဂုံ ရန်ကုန်စီးတီးကို အတုယူ အတုခိုးခဲ့ လို့ပဲလဟ။ အလောင်းမင်းတရားကြီး တည်ခဲ့တဲ့ မြို့ပီပီငရို့ရဲ့ ရန်ကုန်စီးတီး ဟာ ရွှေရောင်ငွေရောင် ပတ္တမြား ရောင်၊ စိန်ရောင် ပလက်တီနမ်ရောင် ဖိတ်ဖိတ်တောက်နေခဲ့တော့ စင်္ကာပူ တရုတ်တွေ အားကျပြီး ငရို့ရန်ကုန် ဒီဇိုင်းကို အတုခိုးခဲ့ကြ၊ နောက်လိုက် နောက်မြီးဆွဲ၊ ဒုတိယ ဖိုးစိန်လုပ်ခဲ့ကြ တာပေါ့လဟာ” ဟု ရန်ကုန်မာနရှင်က ဇာတိပုညဂုဏ်မာနဖြင့် အြ<ွကား တံခွန်ထူလိုက်သည်။ မူကြိုဘွဲ့ရ ဆင်းရဲသားကလေး သည် ငြိမ်ငြိမ်ဆိမ်ဆိမ်မနေဘဲ ရန်ကုန်မာနရှင် ဖြီးဖြန်းရမ်းတုတ်လိုက်သည့်စကားတွေကို ဟောင်ဖွာ ဟောင်ဖွာလျှောက်ပြောသည်။

” စင်္ကာပူဟာ ရန်ကုန်ကိုအတု ခိုးပါသတဲ့ဗျ။ စင်္ကာပူဟာ ရန်ကုန်ရဲ့ နောက်လိုက်နောက်မြီးဆွဲ၊ ဒုတိယ ဖိုးစိန်ပါတဲ့ခင်ဗျ”

ထိုအခါ စင်္ကာပူတွင် ဆယ်နှစ်ဆယ်မိုးမက နေထိုင်ခဲ့ပြီး သမ္မာအာဇီ ဝအလုပ်မျိုးစုံလုပ်ပြီး ကြီးပွားချမ်းသာလာကာ ရန်ကုန်တွင် အိမ်တွင်းစက် မှုလုပ်ငန်း ထောင်ထားသည့် အညာ သားတစ်ယောက်က မူကြိုဘွဲ့ရစကား ကိုကြားပြီး ရန်ကုန်မှာနေရင်း စင်္ကာပူကိုပဲ လွှတ်အထင်ကြီးနေသူပီပီ ဒေါဖောင်းသွားသည်။ ” ဟေ့ကောင်သောက်ရူး။ မင်းပါးစပ်ပိတ်လိုက်။ အဓိပ္ပာယ်မရှိတာ တွေ လျှောက်ပြောမနေနဲ့။ မင်းတို့ ရန်ကုန်က စင်္ကာပူခြေဖျားကိုတောင် မီတာမဟုတ်ဘူး”မူကြိုဘွဲ့ရကလည်း သာမ ညောင်ညမဟုတ်။ ရန်ကုန်မြို့တည် မင်းတရားကြီးအလောင်းဘုရား ဦးအောင်ဇေယျ ဇာတိနယ်မြေ ရွှေဘိုသားဖြစ်သည်။ ရန်ကုန်ထိလျှင် မချိအောင်နာတတ်သူ။

“မင်းက ဘာကောင်လဲ။ ပြည်ပ အားကိုး ပုဆိန်ရိုးတဲ့။ ရွှေဘိုသား အကြောင်းမသိဘူးမှတ်တယ်”
“ရွှေဘိုသားတော့မသိဘူး။ ရွှေ ဘိုမင်းကြိုက်ပေါင်တံရှည်ဆိုတာပဲ သိတယ်။ ဟီးဟီး ပေါင်တံရှည် .. ပေါင်တံရှည် ဟီးဟီး”
ဤတွင် မူကြိုဘွဲ့ရနှင့် စင်္ကာပူ ပြန်တို့၏ရန်ပွဲကို အချိန်မီ တားဆီး ရန် ရန်ကုန်မာနရှင် ရောက်ရှိလာလေသည်။

” ဟေး bro တို့ bro တို့၊ ကိုယ့် မြန်မာအမျိုးသားချင်း ခိုက်ရန်ဖြစ်ပွား အချင်းမများကြပါနဲ့။ မြန်မာ ပြည်သားအချင်းချင်း ညီရင်းအစ်ကို လိုနေကြမှပေါ့ကွာ။ တစ်ခုပဲ မင်းတို့ နှလုံးသွင်းလိုက်ကြ။ ဟောသည့် ရန်ကုန်ရွှေမြို့တော်ကြီးမှာ နေထိုင် ခွင့်၊ အသက်ရှင်ခွင့်ရတာ တစ်ခု တည်းနဲ့တင် ဘမသ တို့ဟာ လူဖြစ်ရ ကျိုးနပ်နေပါပြီ” ” ကျွန်တော်က စင်္ကာပူမှာ ဆယ့်လေးငါးနှစ်နေလာတဲ့ကောင်။ စင်္ကာပူအကြောင်း နောကြေနေ အောင်သိတယ်” ဟု စင်္ကာပူပြန်က လက်မထောင်၍ ပြောသည်။ မူကြို ဘွဲ့ရ ငမွဲကလည်း လေမလျှော့။

” ဟေ့ ငါကလည်း ပုဇွန်တောင်က စင်္ကာပူကျောင်းတိုက်နားမှာနေတာ နှစ်တစ်ရာကျော်ပြီကွ ဘာမှတ်တုန်း”

ရန်ကုန်မာနရှင်သည် လက်သီး လက်မောင်းတန်းနေသူနှစ်ယောက် ကြားမှာ ဝင်ရပ်သည်။ မိမိသည် ရန်ကုန်မာနရှင်ဖြစ်သော်လည်း ဤအချိန်တွင် မိမိ၏မာနကို လျှော့ တန်သလောက်တော့ လျှော့ရလိမ့်မည်ဟု ဆင်ခြင်သည်။ အဓိက ရည် ရွယ်ချက်မှာ နောင်လာနောက်သား တွေ ဖြစ်ကြသော စင်္ကာပူပြန်နှင့် မူကြိုဘွဲ့ရငမွဲတို့ နှစ်ယောက်စလုံး “သမိုင်းမှန်” ကို သိရှိသဘောပေါက် ကြရန် ဖြစ်လေသည်။ ရန်ကုန်၏ သမိုင်းမှန်ကိုသိမှ ရန်ကုန်သားဖြစ်ရ ကျိုးနပ်ပေလိမ့်မည်။

” အမှန်ကတော့ ၁၇၅၆ခုနှစ် ရန်ကုန်မြို့ကို အလောင်းမင်းတရားကြီးက ဒဂုံဘဝကနေ အသွင်ပြောင်းလိုက်တဲ့အချိန်မှာ စင်္ကာပူဆိုတာ မလေးရှားကျွန်းဆွယ်ရဲ့ အစွန်အဖျား ပစ္စန္တရာဇ်အငူကလေးဘဝမှာပဲ ရှိပါ သေးတယ် bro တို့။ ရန်ကုန်ဆိုတဲ့ အမည်နာမဟာဆိုလို့ ဆိုလို့ရှိရင် The end of strife ရန်ပွဲ ပဋိပက္ခ တို့၏ နိဂုံးကမ္ပတ်ဆိုတဲ့ အဓိပ္ပာယ် အနက်ပါပဲကွာ”

” ပါဠိတွေ ပေါရာဏတွေ ကြား ရတော နားကလောလိုက်တာဗျာ။ ဧကန္တ ခင်ဗျား ဘုန်းကြီးလူထွက်ပဲ ဖြစ်ရမယ်” ဟု စင်္ကာပူပြန်က မှတ်ချက်ချသဖြင့် ရန်ကုန်မာနရှင် နာမိ သော်လည်း ကြိတ်မှိတ်သည်းခံနေလိုက်၏။ ” အဲသလို အလောင်းမင်းတရားကြီးက အမည်ပြောင်းပေးခဲ့တဲ့ ရန်ကုန်ကို ၁၈၅၂ခုနှစ်မှာ နယ်ချဲ့ အင်္ဂလိပ်နဲ့ ဒုတိယအကြိမ် စစ်ဖြစ် တော့ သာယာဝတီမင်းက အင်္ဂလိပ် တွေ ခြေကုပ်မရအောင် မြေလှန်ဖျက် ဆီးပစ်လိုက်တာကရော..။ အဲသည် ရန်ကုန်မြို့ပျက်ကြီးကို မြို့ကွက် အသစ် ပြန်ရိုက်တဲ့နေရာမှာ အခရာ ကျတဲ့ ပုဂ္ဂိုလ်ကတော့ ခွဲစိတ်ကု ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမောင်ဂိုမာရီဆိုတဲ့ အင်္ဂလိပ်ပဲ။ ဒေါက်တာမာဂိုရီဟာ စင်္ကာပူမြို့တည်ခဲ့တုန်းက အတွေ့ အကြုံတွေနဲ့ ရန်ကုန်မြို့သစ်ကို ဒီဇိုင်းဆွဲခဲ့တာပါ။ သည်တော့ ရန်ကုန်နဲ့ စင်္ကာပူဟာ မြို့တော် ညီအစ်မလို့တောင် ခေါ်လို့ရပါ တယ်။ စင်္ကာပူဟာ လှပသလို ရန်ကုန်ဟာလည်း တင့်တယ်ခံ့ညား တယ်ဆိုသဟာ ငြင်းပယ်စရာ မရှိပါဘူး” စင်္ကာပူပြန်မှာ ရန်ကုန်မာနရှင် ကို အထင်သေးသောအကြည့်ဖြင့် ကြည့်နေရာမှ ..

” ခင်ဗျားဟာ လင်းတကြီးဖြစ် နေလျက်သားနဲ့ ဒေါင်းပါလို့ ဇွတ် ပြောနေတဲ့ ပလီစိချောက်ချက် ငတိကြီးပဲ” ဟုဆိုကာ ချာခနဲ လှည့်ထွက် သွားချိန်တွင် ရန်ကုန်မာနရှင် ဒေါသကို မထိန်းနိုင်တော့။ ” ဟိတ်ကောင် ပြည်ပအားကိုး ပုဆိန်ရိုး။ မင်းကိုမေးရိုးကျိုးအောင် ငါထိုးမကွ” ဟု အော်ဟစ်ကြုံးဝါး၊ လက်သီးဆုပ်ခြေလှမ်းပြင်သော ရန်ကုန်မာနရှင်ကို မူကြိုဘွဲ့ရငမွဲက ရှိသမျှခွန်အားကိုသုံး၍ ဖမ်းဆွဲချုပ် ကိုင်ထားသည်။ ” စိတ်ထိန်းပါဆရာကြီး။ အဲသည်ငနဲလို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်မှုမရှိတဲ့ အကောင် စားကို ဆွဲထိုးနေလို့ အပိုပါပဲ။ အလ ကား လက်သနပါတယ်ဗျာ။ မေ့ လိုက်စမ်းပါ” ရန်ကုန်မာနရှင်သည် ရှူးရှူးရှဲ ရှဲဖြစ်နေရာမှ မူကြိုဘွဲ့ရငမွဲကို ကြည့် လိုက်ပြီး “မင်းကတော့ ငရို့ရန်ကုန်စီးတီးကို ဘယ်လိုသဘောရလဲ” လို့ မေး လိုက်သည်။

” မေးမှမေးတတ်ပလေ ဆရာ ကြီးရယ်။ ရန်ကုန်ဟာ ကျွန်တော်တို့ ငမွဲများရဲ့ လိုတရရွှေ မြို့တော်ကြီးပါ ခင်ဗျ။ ဘယ်တော့မှ မကုန်ခန်းနိုင်တဲ့ ထမင်းအိုးကြီးပါခင်ဗျ။ အရင်းအနှီး ငွေကြေးမလိုဘဲ ပလတ်စတစ်လိုက် ကောက်ရုံနဲ့ ထမင်းဝနိုင်တဲ့ ပြိုင်စံရှား မြို့တော်ကြီးပါခင်ဗျ။ သူ့ဆီက လူ တစ်ယောက် တောပြန်သွားရင် သူ့ ဆီကိုတောက လူတစ်ရာလောက် လေချွန်ပြီး ခေါ်နိုင်တဲ့ တန်ခိုးရှင်မြို့ တော်ကြီးပါ ခင်ဗျ” မူကြိုဘွဲ့ရငမွဲက ရန်ကုန်ချီးမွမ်း ခန်းဖွင့်နေစဉ်မှာပဲ ရန်ကုန်မာနရှင် သည် အောက်ခြေလွတ်ကာ လေထဲ သို့ ကိုးရိုးကားရား လွင့်ပါသွား လေ သတည်း။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071