တတိယမျက်လုံးသည် မူလက မွေးရာပါ မျက် လုံးနှစ်လုံးသာပိုင်ဆိုင်ခဲ့သြူဖစ်သည်။ သို့သော် ယခုအခါ သူသည် မျက်စိ သုံးလုံးပိုင်ရှင်အဖြစ် တတိယမျက်လုံးကို တပ်ဆင်ထားရတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။ တစ်နေ့တွင် ဘိုးတော်သိကြားမင်းက သူ့ကို အရေးပေါ်ခေါ်ယူတွေ့ဆုံသည်။
” မင်းကို ရန်ကုန်မြို့တော်ကို လွှတ်ထားတာ အကြောင်းမဲ့မဟုတ်ဘူး။ ဟိုတယ်နဲ့ ကာရာအိုကေမှာ အချိန်ဖြုန်းဖို့မဟုတ်ဘူး။ ရန်ကုန်ကို စောင့်ကြည့်လေ့လာပြီး င့ါဆီကို အချိန်နဲ့တစ်ပြေးညီ အစီရင်ခံတင်ပြ ဖို့ဆိုတာ မင်းမေ့နေပြီလား” ဟု ဘိုးတော်သိကြားမင်းက “ရန်ကုန် မျက်လုံး” အမည်ရှိ လက်ပါးစေကို အပြစ်တင်သံပါပါ ပြောလိုက်သည်။
” ကျွန်တော်မျိုး ရန်ကုန်မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်နေပါတယ် ဘိုးတော်။ ရန်ကုန်ကနေ ဘယ်မှ မရွေ့ခဲ့ပါဘူး”
” င့ါဆီကို အစီရင်ခံစာတစ် စောင်တောင် တက်မလာပါလား ”
” ဟီးဟီး..ပေါက်ဖော်ကြီး တွေရဲ့ တရုတ်နှစ်သစ်ကူးပွဲမှာ အဝစား၊ အဝသောက်ပြီး စားပိုးနင့်နေလို့ပါ ဘိုးတော် ဟီးဟီး”
” ငါဆဲလိုက်ရမကောင်းဘူး ဖြစ်ပြန်ရော့မယ်။ နင်ဟာလေ သိပ်ပြီးမြန်မာပီသတယ်။ အလကားရရင် ရေတောင် အဝသောက်တဲ့ လူစား။ ပေါက်ဖော်တွေကျွေးတိုင်း အဝအပြဲစားရင် နင်တစ်နေ့ခံရပြီသာမှတ်။ ပေါက်ဖော်တွေက Give and Take သမားတွေကွ။ သူတို့ဆီက ဘာတစ်ခုမှ အလကားမရဘူး မှတ်”
” နှစ်သစ်ကူးပွဲတော်မှာတိုက်တဲ့ တရုတ်ဆေးအရက်ကတော့ နိပ်ပါတယ် ဘိုးတော်။ ရှိန်းတိန်းတိန်း ရှတတနဲ့၊ ပြီးတော့ တရုတ်မကလေး တွေက ရှေးဟောင်းတရုတ်မတွေလို ဘောင်းဘီရှည်ပွပွကြီးတွေ မဝတ်ကြ တော့ဘူး ဘိုးတော်ရဲ့။ ရှော့ပင်တိုစိစိ ကလေးတွေနဲ့ဆိုတော့..ဆိုတော့”” ဟဲ့..အကောင် တော်တော့။ ရှေ့ဆက်မပြောနဲ့တော့။ နင့်ကိုခေါ်တာ အော်ပရေးရှင်းတစ်ခုအတွက် ခေါ်တာ” ဟု ဘိုးတော်သိကြားမင်းက မျက်နှာတည် မျက်နှာထားဖြင့် ဟောက်လိုက်တော့မှ ရန်ကုန်မျက်လုံးသည် ဇက်ကလေးပုကာ မျက်နှာပိုးသတ်လိုက်သည်။
” မိန့်တော်မူပါ ဘိုးတော်။ ခစားလျက်ပါ ဘိုးတော်”
” သေချာနားထောင်စမ်းဟဲ့” ဟု သတိပေးလိုက်ပြီးနောက် ဘိုးတော် သိကြားမင်းသည် သူ၏ တစ်ကိုယ် ရည်သုံး ကွန်ပျူတာကိုဖွင့်ကာ မှတ်တမ်းမှတ်ရာတွေကို ကြည့်ရှုသည်။ ပြီးခါမှ..
” အမေရိကန်နိုင်ငံထူထောင်တော့ သေနတ်ကို နေရာတကာသုံးခဲ့ကြရာက နောက်ပိုင်းမှာ အမေရိကန်တွေဟာ သေနတ်မရှိရင် အဆုတ်တစ်ခြမ်းနဲ့ အသက်ရှူကြရသလို မနေတတ်မထိုင်တတ်ဖြစ်လာခဲ့ကြတာ ဒီကနေ့အထိပဲ။ အမေရိကန် သမ္မတတွေ လုပ်ကြံခံရတဲ့ နေရာမှာ သုံးတာလည်း သေနတ်နဲ့ပဲ။ ဘီတဲ တေးဂီတအဖွဲ့က အဆိုတော် ဂျွန် လင်နွန်လည်း ပစ္စတိုနဲ့အပစ်ခံရပြီး ကွယ်လွန်ခဲ့ရရှာတာ။ ဒင်း (သင်း) တို့က အမေရိကန်တွေဟာ သေနတ် မရှိရင် ဘာမှမလုပ်တတ်ကြတော့လို့ ဒင်း (သင်း) တို့နိုင်ငံကို Gun Country လို့ ခေါ်နေကြတာပေါ့” “ဟာ..ဘိုးတော်ကလည်း ကျွန်တော်မျိုးတို့ မြန်မာတွေလည်း ခေတ်မီခဲ့ပါတယ်ခင်ဗျ။ ဗိုလ်ချုပ် အောင်ဆန်းတို့ကို လုပ်ကြံတော့လည်း သေနတ်တွေနဲ့ ပစ်ကြတာပါ”
” ဟိတ်..ငါ့စကားမဆုံးသေး ဘူး။ ဖြတ်မပြောနဲ့။ နားရင်းပိတ်တီးလိုက်တော့မှ ငါ့ကို ဖက်ဆစ်ဆန် သလေး၊ အာဏာရှင်ဆန်သလေးနဲ့ မဝေဖန်နဲ့။ ငါပြောတာ နားထောင်။ မြန်မာနိုင်ငံလည်း ကြာရင် Gun Country ဘွဲ့ အချီးမြှင့်ခံရမလို ဖြစ်နေပြီဟ။ တစ်လောက ရန်ကုန်လေဆိပ်ထဲမှာ လူနှစ်ယောက် သေနတ်ပစ်ခံရပြီး သေသွားကြတာ ကိုပဲ ကြည့်။ ရန်ကုန်လေဆိပ်လို မြို့လယ်ကောင် အထင်ကရနေရာ မှာ ပစ္စတိုသေနတ်ကို ပြောင်ပြောင် တင်းတင်း အသုံးပြုနေပြီဆိုတော့ မြို့ဆင်ခြေဖုံး၊ မြို့ပြင်၊ မြို့သစ်တွေ မှာပါ သေနတ်သံ တစ်ဒိန်းဒိန်းပေါ် ထွက်မလာနိုင်ဘူးလို့ ဘယ်သူအာမခံ နိုင်မှာတုံး”
” လူတိုင်း သေနတ်ကိုင်ခွင့်ရ၊ လူတိုင်းက သေနတ်ပစ်တတ်ရင် နိုင်ငံတော် ကာကွယ်ရေးအတွက် အားရှိတာပေါ့ ဘိုးတော်”
“ဟဲ့..အကောင်၊ တိတ်စမ်း” ဟု ဘိုးတော်သိကြားမင်းက ရိုက်ပုတ်မည့်ဟန် လက်ကိုရွယ်လျက် အော် ငေါက်လိုက်ပြန်သည်။
“မှန်လှပါ၊ တိတ်ဆိုလည်း တိတ်ပါ့မယ် ဘိုးတော်”
” မင်းဟာ ရန်ကုန်မျက်လုံးပီပီ ရန်ကုန်ကို စက္ကန့်မလပ် စောင့်ကြည့်ရတော့မယ်။ သေနတ်ကိုဝှက်ပြီး ကိုင်တတ်တဲ့ လူမသမာတွေကို ကြို တင်သိနိုင်အောင် မင်းကို တတိယ မျက်လုံးတပ်ပေးလိုက်မယ်။ တတိယ မျက်လုံးတန်ခိုးနဲ့ လက်နက် ပုန်း သမားကိုဖမ်းပြီး ရဲလက်သာ အပ် လိုက်တော့။ င့ါဆီကိုလည်း အချိန်နဲ့ တစ်ပြေးညီ သတင်းပို့ပါ”
သို့တပြီးကား ကျွန်ုပ်တို့၏ ရန်ကုန်မျက်လုံးသည် ဘိုးတော် သိကြားမင်း အပ်နှင်းပေးသနား တော်မူသော “တတိယမျက်လုံး” ခေါ် “ထူးကဲအာရုံစွမ်းအင် ESP” ၊ အရှည်ကောက်အားဖြင့် Extra Sensory Power ရရှိကာ ရန်ကုန်မြို့ တစ်ခွင် ပြဲပြဲစင်အောင် လှည့်ပတ်သွားလာလျက် လက်နက်ပုန်းသမားကို ရှာဖွေထောက်လှမ်း နေလေတော့၏။ ကုန်တိုက်တစ်ခုထဲတွင် ပိုက် ဆံအိတ်ကလေး ချိုင်းကြား ညှပ်၍ ဟိုငေးသည်မောလုပ်နေ သည့် ဗလကောင်းကောင်း လူရွယ် တစ်ယောက်ကို ရန်ကုန်တတိယမျက် လုံးက သတိထားမိသည်။ ဟိုက်..သည်ငနဲ ပိုက်ဆံအိတ်ထဲမှာ ပစ္စတို တစ်လက်ပါလား”
“ဟိတ်ကောင်..မင်းအကြံက ဒါပဲလားကွ” ဟုဆိုကာ ရန်ကုန် တတိယမျက်လုံးသည် လူရွယ်၏ ချိုင်းကြားမှ သားရေပိုက်ဆံအိတ်ကို ဆွဲယူလိုက်သည်။ သို့သော် လူရွယ်က အလုမခံဘဲ ဂျူဒိုပညာဖြင့် ရန်ကုန် တတိယမျက်လုံးကို ကိုင်ပေါက်ချ လိုက်သည်။ ရန်ကုန်တတိယမျက်လုံး ပက်လက်လဲကျသွားတော့မှ လူရွယ် က ပိုက်ဆံအိတ်ထဲမှ ပစ္စတိုသေနတ် ကိုထုတ်ကာ ချိန်ရွယ်ထားလိုက်သည်။ “ယီးတီးယားတားလုပ်မယ်မကြံနဲ့ ငါ့လူ။ ငါတာဝန်ထမ်းဆောင်နေတဲ့ အရပ်ဝတ် ရဲထောက်လှမ်းရေး ကွ။ ဟောသမှာ ငါ့အိုင်ဒီကဒ် တွေ့ ရဲ့လား။ မင်းကို ပုဒ်မတစ်သီကြီးနဲ့ ထောင်ထဲပို့လို့ရပြီ” ဤတွင် ကျွန်ုပ်တို့၏ ရန်ကုန် တတိယမျက်လုံးသည် သူ၏ မူလ သရုပ်မပေါ်မီ “ဆောရီးကွာ..ဆောရီး” ဟု ကမန်းကတန်းပြောပြီး ကိုယ်ပျောက်အတတ်ဖြင့် လစ်ပြေးရလေတော့သည်။ လူရွယ်မှာ သေနတ်ကိုင်လျက် ယောင်ချာချာ ကျန်ရစ်ရှာသည်။
တကယ်တမ်း၌မူ ရန်ကုန်မြို့ တော်၏ သန်းချီသော လမ်းသွားလမ်းလာများထဲတွင် တရားမဝင် သေနတ်ကိုင်ဆောင်သူကို ရှာရသည် မှာ ကောက်ရိုးပုံထဲမှ ကျပျောက် သော ပင်အပ်တစ်ချောင်းကို ရှာဖွေ ရသည်လောက် မလွယ်ကူ။ သို့သော် ဘိုးတော်သိကြားမင်း၏ အမိန့်အရ ရန်ကုန်တတိယမျက်လုံးသည် မသင်္ကာ ဖွယ် ယောက်ျား၊ မိန်းမ မှန်သမျှကို ထူးကဲစက္ခုအာရုံဖြင့်စူးစမ်းနေသည်။ “ဟော..တွေ့ပြီကွ” ဟု စိတ် ထဲမှ ကြုံးဝါးကာ ရန်ကုန်တတိယ မျက်လုံးသည် ဖက်ရှင်ကျကျဝတ်ဆင်ထားပြီး အကောင်းစား စလင်းဘက် တစ်လုံး လွယ်ထားသည့် အမျိုးသမီး ကြီးတစ်ဦးအနီးသို့ ချဉ်းကပ်သွား သည်။ သည်တစ်ခါတော့ ရန်ကုန် တတိယမျက်လုံးက ဘိုးတော်သိကြားမင်း အပ်နှင်းထားသော တန်ခိုးဖြင့် ပစ္စတိုသေနတ် ကိုင်ထားသည်။
“ကဲ..မရွှေချော။ မင်း စလင်း ဘက်ထဲကသေနတ်ကို အသာကလေး ထုတ်ပြီး င့ါဆီကိုလှမ်းလိုက်ပါ။ အူ ကြောင်ကြောင်တော့ မလုပ်နဲ့နော့။ ငါက ဂျိမ်းစ်ဘွန်းထက် အဆတစ်ရာ ပိုပြီးလျင်တဲ့ကောင်” အမျိုးသမီးက မချိုမချဉ်ပြုံးပြီး “အိုကေ..အိုကေ” ဟု ဆိုတာ စလင်းဘက်ကို ဖွင့်သည်။ ပထမဦးစွာ စီးကရက်ဘူးကိုထုတ်၍ စီးကရက် တစ်လိပ်ကိုနှုတ်ခမ်းမှာ ခဲလိုက်သည်။ ထို့နောက် သေနတ် ကလေးကိုထုတ်ကာ “ဖျောက်” ခနဲ မီးခြစ်၍ စီးကရက်ကို မီးညှိလိုက် လေသည်။” တောသားအစ်ကိုကြီး..စီးကရက်သောက်ဦးမလား” အမျိုးသမီး ကမ်းလှမ်းမှုကိုပင် မဖြေအားတော့ဘဲ ရန်ကုန်တတိယ မျက်လုံးသည် ရှက်ရှက်နှင့် မျက်နှာ ဝှက်ကာ တစ်ချိုးတည်း သုတ်ခြေတင် ရရှာတော့သတည်း။
ကြူးနှစ်