Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeArticlesရန်ကုန်လက်ထိပ်

ရန်ကုန်လက်ထိပ်

yangonလက်ထိတ်သည် တစ်ခါတစ်ရံ၌ ရှေးဟောင်း နှောင်းဖြစ်များကို ပြန်ပြောင်း သတိရ ကာ “ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ်” ဟူ၍ စာဆိုနှင့်အညီ ရှိုက်ဖို လှိုက်လှဲ မျက်ရည်များပင် ဝဲမိလေ၏။ သူ၏ “ပီအေ” ခေါ် နောက်တော်ပါ တပည့်ကျော် ရန်ကုန်သံကြိုးသည် ဆရာသမား မျက်ရည်ဝဲသည် ကိုကြည့် ပြီး နားမလည်နိုင်အောင် ကြောင်စီစီ ဖြစ်သွားရလေသည်။

“အာစရိကလည်းဗျာ နှစ်သစ် ကူးမှာ ပျော်မြူးရမယ့်အစား ဘာ ကြောင့်များ ပူပုံပန်းလို့ နွမ်းနေရပါ လိမ့်ဗျာ”

“ဟဲ့ … မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်မှုမရှိတဲ့ ပြည်ပ အားကိုး ပုဆိန်ရိုးလို အကောင်။ ၂ဝ၁၆ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်ကို ကူးတာ အနောက် တိုင်းသား ခရစ်ယာန် တွေ ရဲ့ နှစ်သစ်ကူးကွ၊ နင်က အရှေ့ တိုင်းသား၊ ဗုဒ္ဓဘာသာ မြန်မာဖြစ် လျက်နဲ့ သူများယောင် လို့ ယောင်ပြီး Happy New Year လို့ လိုက်အော် ချင်ရသလား။ အသုံးမကျတဲ့ မျိုးဖျက် သစ္စာဖောက်၊ ဘင်္ဂါလီ ဓားရိုးကမ်း (အဲ ဟုတ်ပေါင်) သူခိုးဓားရိုးကမ်း လောက်ကောင်၊ တရုတ်အားထား တရား အားထုတ် (အဲ ဟုတ်ပေါင်) တရုတ် အဘခေါ် တဲ့ ပေါက်ဖော် ယောက်ဖ အလကားကောင်”

“အာစရိကလည်းဗျာ ဂလို ဘယ်ခေတ်ကြီးထဲ ရောက်နေပါပြီ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်တွေ ဘေးချိတ်ထားစမ်းပါ”

“ဟဲ့အကောင် ဒါဆို နင့်နှမကို ဘင်္ဂါလီ ခိုးပြေးသွားရင် နင်လက်ပိုက် ကြည့်နေမှာလား ဟင်…”

“မျိုးဆောင့် အဲ..အဲ ဆောရီး မျိုးစောင့်ဥပဒေအရှိသားပါဗျာ”

“နင့်လို ကျပ်မပြည့်တဲ့ အချောင် သမားကို တပည့်မွေးရတာ ငါတော့ ဇက်ယား လှသကွာ။ တစ်နေ့ နင်သစ္စာ ဖောက်တာနဲ့ ငါကတော့ (အိုင်အက်စ်) တွေ လက်ထဲ ရောက်ပြီး ဇက်ပြတ် မလားမသိဘူး။ (အဲဟုတ်ပေါင်) တစ်နေ့ ငါအမည် ပျက်လိမ့်မယ်။ အစဉ်အလာ ကြီးခဲ့တဲ့ ငါ့ရဲ့သမိုင်း ဂုဏ်သိက္ခာ ညစ်နွမ်းလိမ့်မယ်။ မင်း ရဲ့ အာစရိ သမိုင်းဝင်ပုဂ္ဂိုလ်ဆိုတာ သိထားစမ်းပါ ငတုံးရယ်”

ရန်ကုန်သံကြိုးသည် လက်အုပ် ကလေးချီ၊ ဒူးကလေးထောက်ကာ သူ၏ အာစရိယ ဆရာကို တောင်းပန် လျှောက်ထားဟန်ကား ..

“အာစရိဟာ ဘယ်လိုသမိုင်း ဝင်ပုဂ္ဂိုလ်မျိုးလဲ ဆိုတာ တပည့်အမိုက် အမဲကို သင်ကြား အမိန့်ရှိ တော်မူပါ”

ရန်ကုန်လက်ထိတ် ကသူလိုက် ပါ ကူညီခဲ့ရသော အမှုတစ်ခုတွင် တရားခံဘက်မှ လာဘ်ထိုးသွားသော “မာဘိုလို” စီးကရက်ဘူးထဲမှ စီးကရက် တစ်လိပ်ထုတ်၍ မီးညှိသောက်ဖွာ လိုက်သည်။ ထို့နောက် ချောင်းဟန့် သလိပ်ခတ်ပြီး တံတွေးထွေးထုတ်ကာ မိန့်ကြားတော်မူသည်။

“သမိုင်းအစက တည်းကိုက လူ့ အဖွဲ့အစည်းထဲမှာ လူဆိုးလူညစ် တွေ ရှိနေခဲ့တယ်။ သူတို့က လူ ကောင်းသူကောင်းတွေကို ဒုက္ခမပေး နိုင်အောင် သူတို့ကို ဖမ်းဆီးရတယ်။ ဖမ်းမိတဲ့အခါ လက်ထိတ်ခြေထိတ် တွေ ခတ်ရတယ်။ ငါ့လို သံလက်ထိတ် တွေ ပေါ်လာခဲ့တာ ဘီစီ(၄ဝဝဝ)လောက်ကတည်းကပဲ”

“အာစရိက တိကျလှချည်လား”

“တိကျဆို သမိုင်းစာအုပ် ကလေးတွေ လှန်လှောပြီး ရမ်းသန်း ပြောလိုက်တာကိုး ငါ့တပည့်ရဲ့” ရန်ကုန်လက်ထိတ်၏ ပြောကြားပုံ အရ (၁၃)ရာစုလောက် က မွန်ဂိုတို့ ဓားသရမ်း၊ မြားသရမ်းပြီး အောင် ပွဲခံနေခဲ့ကြစဉ် လက်ထိတ် ခြေထိတ် မခတ်ဘဲ ရာဇဝတ်သား၏ လည်ပင်း မှာ ကျောက်ပြား အဝိုင်းကြီး စွပ်ကာ “လည်ထိတ်” ခတ်ထားတတ်သည်ဟု သိရသည်။

“အဲဒီကောင်တွေ ပုဂံပြည်ကို ကျူးကျော်တုန်းက အဲဒီလို ကျောက် ပြား လည်ထိတ်တွေ မေ့ကျန်ရစ် ခဲ့ နိုင်တယ် ဆရာ။ ရှေးဟောင်း သုတေသန ဌာနမှာ စုံစမ်းကြည့်လို့ ရနိုင်မလား” ဟု ရန်ကုန်သံကြိုးက ကတ်သီးကတ် သတ်တွေးပြီး မေးခွန်းထုတ်သော အခါ ရန်ကုန် လက်ထိတ်က Shut ဟုဘိုလို အော်ဟစ်တားမြစ် လိုက်၏။ ထို့နောက် သူ၏သမိုင်း ဇာတ်လမ်းကို ဆက်လက် ပို့ချနေပြန် သည်။

“ရှေးခေတ်ဟောင်းက ငါ့ဘိုး ဘွားတွေဟာ သမိုင်းပေး တာဝန် ကျေခဲ့ကြသကွ။ ရောမကို အာခံခဲ့တဲ့ ငွေဝယ်ကျွန် သူပုန်ခေါင်းဆောင် “စပါးတကပ်”  Sparatacus ကို လည်း မလှုပ်နိုင်အောင် သံလက် ထိတ်နဲ့ ချည်နှောင် လိုက်တာပဲ။ အင်္ဂလိပ် ဧကရာဇ်ကို ပုန်ကန်တဲ့ စကော့ သူပုန်ကြီး “ဝီလျံဝေါလေ့”  William Wallace ကိုလည်း သေ ဒဏ်မပေးခင် သံလက်ထိတ်နဲ့ မိတ် ဆက်ပေးလိုက်တာပဲ”

“ဟား.. ဆရာသမား မှားနေ ပြီ။ အဲသည် ပုဂ္ဂိုလ်တွေက ရှေးဦး တော်လှန်ရေးသမားတွေ ခင်ဗျ၊ တကယ့် revolutionary ကြီးတွေ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ အာဂသတ္တိခဲတွေ နော..”

“နိုး ..နိုး အတွန့်မတက်နဲ့ကွာ  မင်းတို့က သူပုန်ကို မြှောက်စားချင် ရင် တော်လှန်ရေးသမား လုပ်ပစ် လိုက်ကြကရော .. မင်း မှတ်ထား လိုက် … လက်ထိတ် ခတ်ခံရရင် ရာဇဝတ်သားပဲ”

ရန်ကုန် လက်ထိတ်က အာဏာ ရှင်ဆန်ဆန် မျက်နှာ ရှစ်ခေါက်ချိုး ဖြင့် ဟိန်းလိုက် ဟောက်လိုက်တော့မှ တပည့်ကျော် ရန်ကုန် သံကြိုးမှာ ဇက်ကလေးပု၍ နှုတ်ဆိတ်သွား သည်။

“ခုချိန်မှာ မင်းစကားပြောရင် ဆင်ခြင်ပါ ငါ့တပည့်၊ ခုတလော ငါအလုပ် သိပ်များနေတော့ စိတ်တို နေတယ်။ မင်းသိရဲ့လား” ဟု ရန်ကုန် လက်ထိတ်က သတိပေး စကားပြော လိုက်ရာ ရန်ကုန် သံကြိုးသည် မျက် နှာငယ်ကလေးဖြင့် ခေါင်းညိတ်သည်။

“ခုတလော ငါအပိုင်စားရတဲ့ ရန်ကုန်နယ်ပယ် ဒေသကြီး တစ်ခွင်မှာ ရာဇဝတ်မှုတွေ များနေလို့ ငါ့မှာ အိပ် ချိန်စားချိန်တောင် မရဘဲ ဟိုပြေး သည်ပြေး ပြေးနေရတယ်။ ဟိုဖမ်း သည်ဖမ်း ဖမ်းနေရတယ်။ အဆိုးဆုံး က သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ တိရစ္ဆာန်တွေပဲ”

“အဲသည် တိရစ္ဆာန်ကောင်တွေ ကို သေဒဏ်ပေးရမယ် အာစရိ” ဟု ရန်ကုန်သံကြိုးသည် မမျိုသိပ်နိုင် တော့ဘဲ ထအော်လိုက်မိ၏။

“ဟဲ့ အခေါက်ထူ လူ့ငနွား နလ ပိန်းတုံး ငရို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံလဟ။ သေဒဏ် ပေးချင်တိုင်း ပေးလို့မရဘူး။ ဥပဒေ လမ်းကြောင်း အတိုင်း တရားစီရင် ရတာ…” ဟု ရန်ကုန်လက်ထိတ်က သဟောက် သဟက် ပြောလိုက်သော်လည်း တပည့် ကျော်က ငြိမ်မနေဘဲ

“အဲ့လို တိရစ္ဆာန်ကောင်တွေ ကို သေဒဏ်ပေးကို ပေးရမယ်  အာစရိ။ သက်ငယ် မုဒိမ်းကောင်တွေဟာ စိတ္တဇ ရာဇဝတ်ကောင်တွေ ကုရာ နတ္ထိဆေးမရှိဘူး။ ထောင်က ပြန် လွတ်ရင်လည်း စိတ္တဇပြန်ဝင်တာပဲ ခင်ဗျ”

“မင်းက အတော် လျှာရှည်ချင် တဲ့ အကောင်ပဲ။ သက်ငယ်မုဒိမ်း ကောင်တွေကို အကောင်းဆုံး တရား စီရင်ဖို့ ငါစိတ်ကူးထားတာ ရှိတယ်”

“အာစရိရဲ့ စိတ်ကူးကဘာလဲ သိခွင့်ပေးတော်မူပါ ခင်ဗျ”

ရန်ကုန် လက်ထိတ်သည် လာဘ် ရထားသော မာဘိုလို စီးကရက်ဘူးထဲ က စီးကရက် တစ်လိပ် ထုတ်၍ မီးညှိ ရှိုက်ဖွာနေပြန်သည်။ သူပြောမည့် စကား အတွက် တွေးဆ စဉ်းစား နေဟန်ရှိသည်။ ခဏကြာတော့မှ

“ငရို့လူမျိုးဟာ ပင်ကိုစရိုက် အားဖြင့် ယဉ်ကျေး သိမ်မွေ့တတ် ကြပါတယ် ငါ့တပည့်ရဲ့။ လူစင်စစ်က တိရစ္ဆာန်စိတ်တွေ ဝင်ပြီး ရာဇဝတ်မှု ခင်းတွေ လက်ရဲဇက်ရဲ ကျူးလွန်လာ ကြတဲ့ ဖြစ်ရပ်တွေရဲ့ အကြောင်းရင်း နောက်ခံမှာ ပယောဂတွေ ငါသွား တွေ့ တယ် ကွယ့်”

” ဘာများပါလိမ့် အာစရိ”

“ပယောဂတွေ များလွန်းလို့ ငါ ပြောမနေတော့ဘူး။ အထူးသဖြင့် မုဒိမ်းမှုတွေ ကာကွယ်ဖို့ နည်းလမ်း ရှိတယ်။ အလယ်ခေတ်တုန်းက “ခရူး ဆိတ်”စစ်ပွဲသွားကြတဲ့ စစ်သည် တော်ကြီးတွေဟာ သူတို့ စစ်ထွက်နေ ကြတုန်း နောက်ပိုင်းမှာ ကျန်ရစ်ခဲ့တဲ့ ဇနီးမယားတွေ မဖောက်ပြားနိုင် အောင် Chastity belt လို့ခေါ်တဲ့ လုံခြုံရေး ခါးပတ်တွေ စီစဉ်ခဲ့ကြ သတဲ့။ အခု ငါတို့ဆီက မိန်းမကြီး၊ မိန်းမငယ်၊ မိန်းမလတ် အားလုံး လုံခြုံရေး ခါးပတ်တွေ ပတ်ထားနိုင်ကြ အောင် စီမံကိန်း တစ်ခုချဖို့ အထက် ကို ငါတင်ပြလိုက်မယ် .. ဘယ့်နှယ် လဲကွယ်”

ဆရာသမား၏ မဟာစီမံကိန်း ကြီးကိုကြားလျှင် ရန်ကုန် သံကြိုး သည် အားရရွှင်ပျစွာ ထခုန်ပြီး “ဂွတ်တယ် အာစရိ ဂွတ်တယ်” လုံခြုံ ရေးခါးပတ် ထုတ်လုပ်ဖို့ ကန်ထရိုက် တော့ ကျွန်တော့်ကို ချပေးပါ။ ပါမစ် ကျရင် အာစရိကိုလည်း ပူဇော်မှာပေါ့ နော်..နော်” ဟု ပြောရင်း ဒိုးဒိုးဒန့် ဒန့် ကခုန်နေလေတော့သည်။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071