Saturday, February 14, 2026

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား...
HomeArticlesရန္ကုန္ပ်ံက်

ရန္ကုန္ပ်ံက်

q

ရန်ကုန်ပျံကျသည် မိမိကိုယ်မိမိ ရန်ကုန် ရွှေမြို့တော်၏ ကြီးမြတ်သော ထာဝရသင်္ကေတ အမှတ်တံဆိပ်အဖြစ် ခံယူထားသည်။

” နိုင်ငံ၊ မြို့၊ ရွာ အတည်တကျ မရှိကြဘဲ ကမ္ဘာအနှံ့ လှည့်လည် သွားလာနေခဲ့ကြတဲ့ ဂျစ်ပစီအုပ်စု တွေတောင် ငါ့ကိုစံပြလူသား Role Model နေရာမှာထားပြီး အတုယူ ခဲ့ကြရတာကလား” ဟူ၍လည်း လျှာအရိုးမရှိတိုင်း အြ<ွကားသန်အာချောင် တတ်သေးသည်။

“အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဘောတံတား..ဆိုတဲ့ ကလေကလွင့် အကောင်တွေဟာ ငါ့ရဲ့အန္တေ ဝါသိက လက်ရင်းတပည့်ကြီးတွေပဲ”ဟု သူက ဂုဏ်ယူစရာမရှိ ဂုဏ်ယူကာ လေလုံးထွားသည်။ ” အမေရိကမယ် Carpet- Bagger ဆိုတဲ့ တောင်ပိုင်းမှာ အလုပ်လိုက်ရှာနေကြတဲ့ မြောက်ပိုင်းသား ကလေကချေတွေ ရှိခဲ့ကြဖူးတယ်။ သူတို့ကို ငါက ပျံကျဗေဒနည်းပညာတွေ ပို့ချပေးလိုက်တာပေါ့။ တောင်ပိုင်းမှာ အခြေကျသွားကြတဲ့အခါ ငါ့ကျေးဇူးကို မမေ့တဲ့ အနေနဲ့ ငါ့ဆီကို ကုတ်ကင်းတွေ လက်ဆောင်ပို့လိုက်တာ ကံသီပေလို့ ငါ့မှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်မကျခဲ့ရပါလားကွာ..ဟား..ဟား” ဟူ၍လည်း ရန်ကုန်ပျံကျက အရွှန်းဖောက်တတ်ပါသေးသည်။

ရန်ကုန်ပျံကျမှာ နောက်လိုက် တပည့်တပန်း ရာ၊ ထောင်ချီ၍ရှိ သည်။ အချို့မှာ ရန်ကုန်ပျံကျအား “အပြင်မှာနေရတာ ပျင်းတယ်ဆရာ။ အထဲမှာ သွားနေလိုက်ဦးမယ်” ဟု ရိုသေစွာလျှောက်ထားပြီးနောက် မှောင်ရိပ်ခိုမှု၊ လမ်းပိတ်ဆို့မှု၊ ခိုးမှု မသင်္ကာမှု စသည့် ပြစ်မှုများကျူးလွန်ကာ အင်းစိန်တောရကျောင်းတော် သို့ ရောက်သွားကြသည်။

” အိမ်း..အထဲမှာပျင်းတဲ့အခါ ကျတော့ အပြင်ကိုပြန်ထွက်လာကြဦးပေါ့။ ငါ့တပည့်တို့ရာ..ငှက်တွေ လိုပေါ့ကွာ။ အပြင်ကလွတ်လပ်တဲ့ ငှက်တွေက ဘေးမရှိ၊ ရန်မရှိ အစာ မှန်မှန်စားရတဲ့ လှောင်ချိုင့်ထဲကို ဝင်ချင်ကြတယ်။ လှောင်ချိုင့်ထဲက ငှက်တွေကတော့ လွတ်လွတ်လပ်လပ် ပျံသန်းလို့ရတဲ့ အပြင်ကိုထွက်ဖို့ တောင့်တကြတယ်” ဟု ရန်ကုန်ပျံကျ က တွေးခေါ်ပညာရှင်ကြီးတစ်ဦး၏ လေလုံးမျိုး သုံးတတ်သည်။ ရန်ကုန်ပျံကျသည် သမိုင်းသုတေသီကြီးတစ်ဦးကဲ့သို့လည်း ” တကယ်တော့ ငရို့ပျံကျတွေဟာ ကမ္ဘာဦးတုန်းက အိမ်ခြေရာခြေမရှိ ခဲ့ကြတဲ့ ရှေးလူတွေကို မမေ့မလျော့၊ တလေးတစား ဂုဏ်ပြုနေတဲ့ သမိုင်း သင်္ကေတတွေပဲ။ အဲသည် သမိုင်း သင်္ကေတကို ထိန်းသိမ်းစောင့်ရှောက် ကြရမယ်။ မင်းတို့ ဘယ်တော့မှ အိမ် မဆောက်ကြနဲ့။ သစ်ဈေး၊ ဝါးဈေး က ရွှေဈေးနဲ့ ပိန်မသာ၊ လိမ်မသာ ဖြစ်နေတာ။ အိမ်ငှားပြီးတော့လည်း မနေကြနဲ့။ အိမ်ရှင်ဆိုတာတွေက အတိုးကြီးစားတဲ့ ကိုလိုနီခေတ် ချစ်တီးကုလားထက် အပြန်တစ်ရာ မက ပိုပြီးဆိုးဝါးလှတယ်။ အိမ်ငှား နေရင် ပြဿနာ ခဏခဏတက်မယ်။ မင်းတို့မှတ်ထားကြ။ ရန်ကုန်တိုင်း တရားမမှုတွေထဲမှာ အိမ်ရှင်၊ အိမ်ငှားအမှုက အများဆုံးဆိုတာသိထားကြပါ”

” ခက်တာက ကျူးတော့လည်း စည်ပင်ရဲကလာဆွဲတာ ဆရာကြီးရဲ့။ ရဲက မနိုင်ရင် ဘူဒိုဇာတွေခေါ်လာပြီး ကျူးတွေကို ဘူဒိုဇာနဲ့ ကလော် တော့တာပဲ” ဟု တပည့်တစ်ဦးက ငိုသံပါကလေးဖြင့် ပြောသည်။ ” သူတို့လာတော့လည်း တခြားတစ်နေရာကို ရွှေ့ပေးလိုက်တာပေါ့ လကွာ။ ကမ္ဘာကြီးက အကျယ်ကြီးပါ။ မပူကြပါနဲ့”ထိုသို့ ရန်ကုန်ပျံကျက နှစ်သိမ့် စကားပြောကြားလိုက်ရပါသော် လည်း ပျံကျဘဝ၏ စိတ်မချမ်းမြေ့ စရာများကို ခါးစည်းခံခဲ့ရဖူးသူပီပီ ရင်ထဲမှာတော့ တပည့်များအတွက် မချိတရိ ခံစားရသည်။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ပီသစွာ တပည့်တို့ကို စိတ်ဓာတ်မြှင့်တင်ပေးရပေလိမ့် မည်။ အားမာန်သတ္တိတွေ နှိုးဆွပေးရ ပေလိမ့်မည်။

” ဟေ့..ဒီမယ် တပည့်တို့။ ကမ္ဘာ့ပစ္စည်းမဲ့ စာရေးဆရာတို့ရဲ့ အထွတ်အထိပ် ဥသျှောင်ကြီးဖြစ်တဲ့ ရုတ်ရှလူမျိုး စာရေးဆရာကြီး ဂေါ်ရကီဟာ မအောင်မြင်ခင်ကာလ ကတည်းက ခြေသလုံးအိမ်တိုင် ပျံကျ တစ်ယောက်ပဲကွယ့်။ ရုတ်ရှ နိုင်ငံကြီး တစ်ခုလုံးကို လှည့်ပတ်သွားလာနေ ခဲ့တာ ဆိုပဲ။ မင်းတို့လည်း ဂေါ်ရကီ့ ထုံးကို နှလုံးမူရလိမ့်မကွယ့်။ ဒီနေရာ မှာနေလို့ သက်ဆိုင်ရာက နှင်ထုတ် ရင် ဟိုနေရာကိုရွှေ့၊ ဟိုနေရာက နှင်ထုတ်ပြန်ရင် တခြားနေရာကိုရွှေ့ ..မဟုတ်ဘူးလားကွယ့်..”

” ဆရာကြီးရယ်၊ နာဂစ်ဝင်တုန်းက ကျွန်တော်တို့ရွာ ပျောက်သွားပြီးကတည်းက ကျွန်တော်တို့ ရန်ကုန်မှာ ပျံကျလုပ်နေတာ။ အိမ်နေရာ ၉၉ နေရာ ပြောင်းပြီးခဲ့ပါပြီ။ ဒီ တစ်ခါ စည်ပင်ကပြောင်းခိုင်းလို့ တစ်နေရာကို ရွှေ့ရဦးမယ်ဆိုရင် အိမ်နေရာ ၁ဝဝ ပြည့်ပါပြီ” ဟု တပည့်တစ်ဦးက မျက်ရည်ကလေး တလည်လည်၊ နှပ်ကလေးတရှုပ် ရှုပ်ဖြင့် ရင်ဖွင့်ရှာသည်။ ” မပူပါနဲ့ကွယ်။ ဟိုမယ်မြင်လား..၁ဝ ထပ်တိုက်ခန်းတွဲကြီးတွေ ဆောက်နေတာ” ဟုဆိုကာ ရန်ကုန်ပျံကျက ထိုးထိုးထောင်ထောင် တောက်ပနေသော အိမ်ရာစီမံကိန်း တစ်ခုဆီသို့ လက်ညှိုးထိုးပြသည်။

” အဲသည်မှာ ကျွန်တော်တို့ နေကြရမှာလား ဟင်”
“တစ်နေ့တော့.. နေခွင့်ရကြ မှာပေါ့လကွယ်”

ထိုစဉ် ဒန်ဇလုံအလွတ်ကြီး တစ်လုံးကို ခါးစောင်းတင်၍ စုတ်တီး စုတ်ချာ မိန်းကလေးတစ်ယောက် ဘောက်ဆတ်ဘောက်ဆတ်ဖြင့် မျက်နှာရှုံ့မဲ့လျက် ရောက်ရှိလာ သည်။ “ဘဝပျက်ပြီ..ဘဝပျက်ပြီ ဆရာကြီး” ဟု မိန်းကလေးက အော်လိုက်သည်။ “ဟိတ်..နိမိတ်မရှိ၊ နမာမရှိ ဘာဘဝပျက်တာလဲ။ ဘဝဆိုတာ သေတာတောင် မပျက်ဘူးမှတ်။ လူတစ်ယောက် သေသွားပြီးနောက် မှာ ဝိညာဉ်ဘဝနဲ့ နေခွင့်ရသေး တယ်။ ပြီးရင် ငရဲသားဘဝ၊ အဝီစိ သားဘဝနဲ့ အကြာကြီး နေလို့ရသေး တယ်ကွယ့်မှတ်ထား” ဟု ရန်ကုန် ပျံကျက တွေးခေါ်ရှင်ဂိုက်ဖြင့် လေတစ်လုံး မိုးတစ်လုံးပြောပြန်သည်။

” ငရဲတွေ၊ အဝီစိတွေ အသာ ထားပါဦး ဆရာကြီးရယ်။ လောလော ဆယ် လမ်းဘေးမှာ ဈေးမရောင်းရ တော့ ဝင်ငွေမရှိတော့ဘူး။ ဝင်ငွေမရှိရင် ဝါးတီးလည်းပျောက်ပြီ။ ဝါးတီးပျောက်တာဟာ ဘဝပျက်တာ နဲ့ အတူတူပဲမဟုတ်လား ဆရာကြီး ရဲ့..အီး..ဟီး..ဟီး” မိန်းကလေးက ရှိုက်ကြီးတငင် ငိြုေ<ွကးရှာလေသည်။ ရန်ကုန်ပျံကျ က မိန်းကလေး၏ ခြောက်သယောင်း နေသော ကျီးကန်းသိုက်ဆံပင်များ ပေါ်သို့ လက်ဝါးတစ်ဖက် တင်လိုက်သည်။” မငိုနဲ့သမီး။ ပျံကျဆိုတာ ကမ္ဘာကြီးကို စတင်အသက်သွင်းခဲ့တဲ့ သမိုင်းဝင်လူသားတွေကွယ့်။ ကမ္ဘာ အနှံ့မှာ ပျံကျတွေရှိကြတယ်။ ပျံကျ မရှိရင် တိုင်းပြည်နိုင်ငံဆိုတာ မရှိနိုင်ဘူး”

” ပျံကျဈေးမရောင်းရတော့ ကျွန်မတို့ငတ်မှာ”
” မြန်မာပြည်ကြီးမှာ ငတ်သေ တဲ့ မသာ မရှိပေါင်ကွယ်”

ဈေးသည်မကလေးက ကျွန်ုပ် တို့၏ ဇာတ်လိုက်ကျော်ကြီး ရန်ကုန် ပျံကျကို ဒေါသမီးဝင်းဝင်းတောက် နေသော မျက်လုံးများဖြင့် ကြည့် လိုက်ရာ ရန်ကုန်ပျံကျ အသက်ရှူ မှားသွားသည်။ ” ကျွန်မတို့ ပျံကျတွေက တစ်နေ့ ဈေးရောင်းမှ တစ်နေ့ထမင်းစားကြ ရတာရှင့်။ နေရာမရှိလို့ ဈေးမရောင်း ရရင် ဘာနဲ့ထမင်းသွားစားရမှာလဲ။ ထမင်းမရှိရင် ဘာစားရမှာတုံးရှင့်” “အိမ်း…ထမင်းမရှိရင် ပေါင်မုန့်စားကြပေါ့လကွယ်။ ဂွတ်တမောနင်း ပေါင်မုန့်ဆိုတာ ကောင်းမှကောင်း” ထိုစကားပြော၍မဆုံးခင် သူ့ မျက်နှာဆီသို့ ဒန်ဇလုံကြီး ပျံဝဲမလာ မီ ရန်ကုန်ပျံကျသည် ပျံကျပီပီ အလွန်တရာလျင်မြန်သွက်လက်စွာ ဖြင့် (စည်ပင်ရဲတွေလက်က လွတ် အောင်ပြေးသလို) လှစ်ခနဲ၊ လွှားခနဲ သုတ်ခြေတင်လေတော့၏။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071