ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် MACCS စနစ်ဖြင့် အောက်တိုဘာ(၁)ရက်တွင် စတင်ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
MACCS စနစ်သည် (Myanmar Automated Cargo Clearance System) ဟု နားလည်ရသည်။
“စာရွက်စာတမ်းတွေကို အီလက်ထရောနစ်နဲ့ စနစ်တကျ စီမံနိုင်မယ်၊ လုပ်ငန်းစဉ်တွေကို မြန်ဆန်စေမယ်၊ ကားမောင်းသူ၊ ကုန်သွယ်သူတွေအတွက် အဆင်ပြေမြန်ဆန်စွာ စနစ်အသစ်ကို အသုံးပြုနိုင်မယ်” ဟု အဆိုပါ စနစ်ကို သိရှိသူတစ်ဦးက မျှဝေထားသည်။
ယခင်က ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် Manual နည်းလမ်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါ စနစ်တွင် Declarant များအနေဖြင့် ကြေညာလွှာတွင် မိမိတင်သွင်း/တင်ပို့မှုနှင့် သက်ဆိုင်သော အချက်အ လက်များကို မပျက်မကွက် ဖြည့်စွက်ရမည်ဖြစ်ပြီး ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် အထူးဂရုပြုဖြည့်စွက်ရမည့်အချက်များကိုလည်း အသိပေးထုတ်ပြန်ထားသည်။
