Wednesday, April 23, 2025

နှစ်လကျော်အတွင်း ပြည်ပနိုင်ငံသား(၉,၀၃၂)ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့်...

ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှုမဖြစ်စေရန်ဆောင် ရွက်လျက်ရှိ

ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်း၌ နှစ်စဥ်ရေကြီးရေလျှံမှုမဖြစ်စေရန် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ကျောက်ကြီးစုတာအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏...

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC...

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း...
HomeNewsLocal Newsရနောင်းခရိုင်တွင် ပစ်ကပ်ကားနောက်ခန်းအတွင်းပုန်း၍လိုက်လာသည့် မြန်မာနိုင်ငံသား...

ရနောင်းခရိုင်တွင် ပစ်ကပ်ကားနောက်ခန်းအတွင်းပုန်း၍လိုက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်တွင် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈ ဦးသည် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ဖေဖော်ဝါရီ ၉ ရက်နေ့လည်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က ရနောင်းခရိုင်တာဝန်ရှိသူများသည် တရားမဝင်နိုင်ငံသားများဝင်ရောက်လာကြောင်း သတင်းအရ ကရဘူရီမြို့ ကျောပေါရော်ကျေးရွာ၊အုပ်စု ၆ ၊ ဘန့်ဟင်ယိုင်နယ်မြေ၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးစဥ် အသက်(၂၉)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးမောင်းလာသည့် ပစ်ကပ်ကားအားတွေ့ရှိရသဖြင့် တားဆီးစစ်ဆေးရာကားနောက်ခန်းအတွင်းပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၆ ဦး (စုစုပေါင်း ၈ ဦး)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသား ၈ ဦးသည် ရနောင်းခရိုင်အတွင်းသို့ ရေလမ်းမှဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ စီပေးချေခဲ့ရကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်လကျော်အတွင်း ပြည်ပနိုင်ငံသား(၉,၀၃၂)ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၉,၀၃၂) ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ထိုသို့ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သူများအနက်(၇,၃၀၈) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား(၁,၇၂၃)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်ကောင်းမွန်စွာထိန်း သိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ ပြည်နှင်လွှဲပြောင်းမှုများပြုလုပ်လျက်ရှိရာတွင် ဧပြီ ၂၂ ရက်ကလည်း ဖီလစ်ပိုင်နိုင်ငံသား(၁၀) ဦးနှင့် ရ ဝမ်ဒါနိုင်ငံသား(၁၀) ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့်...

ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှုမဖြစ်စေရန်ဆောင် ရွက်လျက်ရှိ

ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်း၌ နှစ်စဥ်ရေကြီးရေလျှံမှုမဖြစ်စေရန် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ကျောက်ကြီးစုတာအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် တာပုံစံကျပြုပြင်ခြင်း၊ ၁၆ ပေအကျယ်ဂဝံခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား တာပုံစံကျပြုပြင်ခြင်း၊ မူလမ်းရှိ ဂဝံများပြန်ခင်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကာ ကျောက်ကြီးစုတာအား (၁၆)ပေအကျယ် ကွန်ကရစ်ခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား (၁၆)ပေအကျယ် ဂဝံခင်းခြင်းတို့ကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ ပဲခူးမြစ်တာ(ပန်းလှိုင်-ပုဏ္ဏားစု-မုန်တိုင်) အပိုင်း အလျား(၇၈၀၀)ပေအား High Flood Level...

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC ပညာရေးစင်တာအား အလှူငွေကျပ်သိန်း (၅၀၀)၊ ရတနာသိင်္ဂီသီလရှင်ကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ ဇိနောဒယ ပရိယတ္တိစာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ ရွှေဟင်္သာတိုက်သစ်အား အလှူငွေကျပ်သိန်း(၅၀၀)၊ သုတေသက သီလရှင်စာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ မဟာသုဗောဓာရုံစာသင်တိုက်အား အလှူငွေကျပ်သိန်း(၂၅၀)နှင့် မြစကြာစာသင်တိုက်အား အလှူငွေကျပ်သိန်း (၂၅၀)တို့ကို ဗီယက်နမ်ဘုန်းတော်ကြီးက မတည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ " အခုလှူဒါန်းတဲ့ငွေပမာဏက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071